BLACKPINK အဖွဲ့ဝင် ဂျီဆိုး နဲ့ သရုပ်ဆောင် အာဘိုဟွန်းတို့ လမ်းခွဲ
ရောင်နီ (NSS) - အောက်တိုဘာ ၂၅
BLACKPINK ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် ဂျီဆိုးနဲ့ "See you in my 19th life" မင်းသား အာဘိုဟွန်းတို့ဟာ အောက်တိုဘာလ ၂၄ ရက်မှာ ထွက်ရှိတဲ့ သတင်းတွေအရ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။
သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ Dispath က ထုတ်ဖော်တဲ့ သတင်းတွေနဲ့အတူ တွဲနေကြတယ်ဆိုတာ နှစ်ဖက် အေဂျင်စီမှ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ JTBC မှ ထုတ်ပြန်တဲ့သတင်းအရ ဂျီဆိုးနဲ့ အာဘိုဟွန်းဟာ နှစ်ယောက်လုံးရဲ့ မအားလပ်တဲ့ အချိန်ဇယားတွေကြောင့် အပြန်အလှန် လေးစားမှုတွေနဲ့အတူ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို သိရပါတယ်။ သူတို့စုံတွဲဟာ ပြတ်ဆဲလိုက်ပြီဖြစ်ပေမယ့် လုပ်ဖော်ကိုင်ဖက်တွေအဖြစ်တော့ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂျီဆိုးဟာ Black Pink အဖွဲ့ရဲ့ Born Pink World Tour အတွက် အလုပ်ရှုပ်နေခဲ့သလို လက်ရှိမှာလည်း နောက်ထပ် လီမင်ဟိုနဲ့ တွဲဖက်ပါဝင် သရုပ်ဆောင်သွားမယ့် "Omniscient Reader" ရုပ်ရှင်အတွက် ပြင်ဆင်နေပါတယ်။ အာဘိုဟွန်းဟာလည်း နောက်ထပ် အနုပညာလှုပ်ရှားမှုတွေအတွက် အချိန်ဇယားတွေ ကြပ်နေတာကြောင့် တစ်ဦးနဲ့တစ်ဦး အချိန်မပေးနိုင်တဲ့အတွက် လမ်းခွဲလိုက်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးများကို (၃)ဆခန့်တိုးမြှင့်ရန်စီစဉ်နေ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ