Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရကာ မီးလောင်ပျက်စီးမှုများရှိနေ

NP News 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံမှာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက် ၊ နံနက် ၁ နာရီခွဲကျော်အချိန်ခန့်တွင် မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညက ၁ နာရီခွဲလောက်မှာဖြစ်တာ။ Drone နဲ့ ဗုံးလာကျဲသွားတာပေါ့။ Main Transformer ကြီးကို ဒရုန်းနဲ့ ဗုံးချသွားတော့ ပေါက်ကွဲသွားတာပေါ့။ Transformer အလုံးကြီးတစ်လုံးလို့ ပြောတယ်။ အကျန်တဲ့ အသေး(၆)လုံးက ဗုံးစလေးတွေ အနည်းငယ်ပဲထိမှန်ထားတော့ ပြဿနာမရှိဘူးလို့ပြောတယ်။ အဓိကတော့ main တစ်လုံးပဲ မီးလောင်သွားတာပေါ့။ ပေါက်ကွဲပြီးတော့ အခုမီးတွေတော့ ပြတ်နေတယ်။ မီးကဖြစ်ကတည်းက ပြတ်တာ အခုအချိန်ထိ မလာဘူး။ မီးပြတ်တာ ကြာမယ်လို့တော့ ပြောတယ်” ဟု မြဝတီမြို့ခံတစ်ဦးက NP News ကိုပြောသည်။

သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောဆိုထားသော်လည်း NP News အနေဖြင့် ၎င်းအချက်အလက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။အဆိုပါဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်မီးများပြတ်တောက်လျက်ရှိပြီး လျှပ်စစ်မီးမှာ လနှင့်ချီကာ ပြတ်တောက်နိုင်သည်ဟုပြောဆိုမှုများရှိနေသည့် အတွက် ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း၊ တောနော်ရေတံခွန်အနီးရှိ တံတားတစ်စင်းမှာလည်း မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။“အဲဒါကတော့ ဘယ်အချိန်ဖြစ်တယ်ဆိုတာ အတိအကျမသိဘူး။ လမ်းအခြေအနေကတော့ လမ်းကနှစ်လမ်းသွားမှာ မိုင်းခွဲလိုက်တော့ တစ်လမ်းက နိမ့်သွားတာပေါ့။ ဖြစ်တာက တံတားမှာပေါ့ လုံးလုံးပြိုသွားတာတော့ မဟုတ်ဘူး။ တစ်ခြမ်းနိမ့်သွားတာပေါ့။ လက်ရှိမှာတော့ ဟိုဘက်ကားနဲ့ဒီဘက်ကားက ရှောင်သွားနေရတာပေါ့” ဟု ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။အဆိုပါဖြစ်စဉ်ကြောင့် ယနေ့(ဒီဇင်ဘာ ၁၆ ရက်) တွင် ကားများအနေဖြင့် လမ်းကြောတစ်ခုကိုသာ အသုံးပြုပြီး သတိထား သွားလာနေရကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုထားသည်။

zawgyi version


NP News




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား(၆ဝဝ)ကျော် ခေါ်ယူသွားမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved