Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနှင့်တရုတ်ထံမှ ဝယ်ယူထားသော တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တို့ကို တပ်တော်ဝင်အခမ်းအနားပြုလုပ်
မျိုးကြီး - NP News
ရုရှားနှင့်တရုတ်နိုင်ငံတို့ထံမှ ဝယ်ယူထားသော တိုက်လေယာဉ်များနှင့် ရေငုပ် သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တို့အား တပ်တော်ဝင်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနား၌ လေ ယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကိုပါ ဒီဇင်ဘာလ ၁၅ ရက်တွင် မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်ရှိ လေတပ်စခန်းဌာနချုပ်၌ ကျင်းပခဲ့သည်။အဆိုပါတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Su-30 SME လေယာဉ်သည်လည်း တပ်တော်ဝင်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။၎င်း Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက် လေယာဉ်တစ်စင်းဖြစ်ပြီး တပ်မတော် (လေ)အတွက် ပထမဦးဆုံးစတင်အသုံးပြုသည့် Heavy Fighter အမျိုးအစားဖြစ်ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် FTC 2000 G လေယာဉ်မှာလည်း တပ်တော်ဝင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။
၎င်းတပ်တော်ဝင်ခြင်းအခမ်းအနားတွင် Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်မှာလည်း တပ်တော်ဝင်ခဲ့ပြီး ၎င်းရဟတ်ယာဉ်သည် ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအား ရှာဖွေ တိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်သိရသည်။ထို့ပြင် တပ်တော်ဝင်ခြင်းအခမ်းအနား၌ FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်၊ K-8W လေယာဉ်၊ Y-8 လေယာဉ်တို့သည်လည်း တပ်မတော်(လေ)အတွက် အားသစ်လောင်းသည့်အနေဖြင့် ထပ်မံ၍ တပ်တော်ဝင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။ယခုတပ်တော်ဝင်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ထပ်မံပေါင်းစပ်လိုက်ပါက တပ်မတော်(လေ) အနေဖြင့် မဟာဗျူဟာမြောက် စစ်ဆင်နိုင်မှုအပြင် ရေငုပ် သင်္ဘောတန်ပြန်စစ်ဆင်နိုင်မှုများပါ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် Dimension လေးခုလုံး၌ စွမ်းအားပြည့်စစ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအခမ်းအနားတွင် ထည့်သွင်းပြောဆိုထားသည်။
zawgyi version
မျိုးကြီး - NP News
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
မြဝတီမြို့၊ သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရကာ မီးလောင်ပျက်စီးမှုများရှိနေ
RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved