အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-17 / 7:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇
အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက ဂါဇာဒေသကို အစ္စရေးနိုင်ငံက ရာဇဝတ်မှုများကျူးလွန်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် မွတ်စလင်များ၏ခုခံမှုကို မည်သူမျှတားဆီးနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
၎င်းက "အစ္စရေးတပ်ဖွဲ့တွေဟာ ရာဇဝတ်မှုတွေကျူးလွန်မှု ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် မွတ်စလင်တွေနဲ့ ခုခံမှုတွေကို တားဆီးလို့ရမှာမဟုတ်ဘူး" ဟု ပြောသည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်အဖွဲ့အပေါ် နောက်ထပ်အဆင့် တိုက်ခိုက်မှုများသည် မျှော်လင့်ထားသည့်အရာများနှင့် များစွာကွဲပြားခြားနားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။ အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဟတ်က "ကျွန်တော်တို့ဟာ ဟားမက်စ်အဖွဲ့အပေါ် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးနောက်ထပ်တစ်ဆင့်အတွက် အဆင်သင့်ရှိနေတယ်။ နောက်ထပ်အဆင့်အတွက် ပြင်ဆင်နေတယ်။ မျှော်လင့်ထားတာထက် အများကြီးကွဲခြားမှာပါ" ဟု ပြောသည်။
အစ္စရေးစစ်တပ်သည် အနောက်ဘက်ကမ်းခြေရှိ နေရာအများအပြားက ထိန်းသိမ်းရေးစခန်းများကို တိုက်ခိုက်ခဲ့ပြီး အလုပ်သမား ၅ဝ ဦး အပါအဝင် ပါလက်စတိုင်း ၁၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အစ္စရေးသည် ဟားမက်စ်အဖွဲ့ကိုတိုက်ခိုက်ရန်အတွက် ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက တိုက်ခိုက် နေကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံသည် အစ္စရေးနှင့်ဟားမက်စ်ကြားဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ၊ အီဂျစ်၊ ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု ဆိုသည်။
အီရန်စစ်ဘက်က ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်မည်ဆိုလျှ င်အစ္စရေးနိုင်ငံအပေါ် ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း ပြောသည်။ ၎င်းက "ဂါဇာဒေသအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် မွတ်စလင်နိုင်ငံတွေနဲ့ ပြည်သူတွေဟာ အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်မယ့်ပဋိပက္ခမှာ ပါဝင်လာဖွယ်ရှိနေပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၁၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ