ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာအတွင်းသို့ PDF အဖွဲ့မှ Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့ရာ လင်မယား(၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိ
NSS - အောက်တိုဘာ ၁၄
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာအတွင်းသို့ PDF အဖွဲ့မှ Drone ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် လင်မယား(၂)ဦး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (အောက်တိုဘာလ ၁၁ ရက်)၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝကျေးရွာအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းသို့ PDF အဖွဲ့မှ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကွင်းချောင်းဝကျေးရွာတွင်နေထိုင်သည့် ဦးစိုးမိုးသူ(၄ဝ)နှစ် နှင့် ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ဥမ္မာလွင် (၄၅)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ပဲနွယ်ကုန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့နောက် ဗုံးပစ်ချတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရောက်မြန်မာများအတွက် ကယ်ဆယ်ရေးလေယာဉ် စေလွှတ်မည်
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ