အစ္စရေးရောက်မြန်မာများအတွက် ကယ်ဆယ်ရေးလေယာဉ် စေလွှတ်မည်
Pearl (NSS) - အောက်တိုဘာ ၁၄
အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ပေးမည်ဟု အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့အခြေစိုက် မြန်မာသံရုံးက ယနေ့ (အောက်တိုဘာလ ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည်၊။
လက်ရှိဖြစ်ပွားနေသော အစ္စရေးနိုင်ငံအတွင်း စစ်ပွဲအခြေအနေများအရ ဂါဇာကမ်းမြှောင်ဒေသ နှင့် နီးစပ်ရာ အစ္စရေးနိုင်ငံတောင်ပိုင်းဒေသများ၊ တဲလ်အဗီးမြို့ ပတ်ဝန်းကျင်ဒေသများအပြင် အစ္စရေးနိုင်ငံ၏ မြောက်ပိုင်း ဒေသများတွင် စစ်အရှိန်မြင့်လာပြီး တိုက်ခိုက်မှုများ ပိုမိုများလာနိုင်ကြောင်း မြန်မာသံရုံးက ပြောသည်။
ထို့ကြောင့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် များစွာစိုးရိမ်ပူပန်ရသဖြင့် စိုက်ပျိုးရေးသင်တန်း ကျောင်းများ နှင့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများနှင့် အန္တရာယ်ရှိသောနေရာများတွင် လုပ်ကိုင်နေကြသူများအနေဖြင့် ဘေးကင်းလုံခြုံရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အသိပေး ပြောဆိုထားသည်။
အလားတူ အစ္စရေးနိုင်ငံ Home Front Command ၏ မစ်ဆိုင်လ်း အချက်ပေးအသံများ နှင့် လိုက်နာရမည့် လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားရန် ဆက်လက်အသိပေးထားသည်။
ထို့အပြင် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲကြုံတွေ့ရခြင်း၊ ဘေးဒုက္ခရောက်ခြင်းနှင့် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် မိမိတို့နိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် စေလွှတ်ပေးမည်ဟု မြန်မာသံရုံးက ပြောသည်။
ထို့ကြောင့် ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏ ရုံးဖုန်း (၉၇၂)(၃) ၅၁၇ဝ၇၆ဝ ၊ ရုံးဖုန်း (၉၇၂)(၃) ၅၁၆၃၃၆၄ နှင့် Hot Line ဝ၅၈ ၇၈၉၉၁၇၇ ၊ ၀၅၈ ၄၀၈၁၃၄၇ ဖုန်းနံပါတ်များသို့ဆက်သွယ်က အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသနှင့် အနောက်ဘက်ကမ်းခြေဒေသတို့တွင် သေဆုံးသူ ၂၂ဝဝ ကျော်အထိ မြင့်တက်လာ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ