Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့ဖျားပြည်နယ် ပိုင်ဆိုင်မှုအငြင်းပွားနယ်ခြား၌ တရုတ်နှင့် တင်းမာမှုဖြစ်ပွားပြီးနောက် အိန္ဒိယသမုဒ္ဒရာအတွင်း တာဝေးပစ် ပဲ့ထိန်းကျည်ကို နယူးဒေလီ စမ်းသပ်ပစ်လွှတ်

Htay Oung (NP News) - ဒီဇင်ဘာ ၂၂

ဝန်ကြီးချုပ် ဦးဆောင်တဲ့ နယူးဒေလီ နျူကလီးယားကွပ်ကဲမှု အာဏာပိုင်အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မဟာဗျူဟာတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဟာ အဏုမြူထိပ်ဖူးသယ်ဆောင်နိုင်တဲ့ Agni-5 "အဂ္ဂဏီ-ဖိုက်" အမည်ရှိ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယသမုဒ္ဒရာအတွင်း စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ နယူးဒေလီအခြေစိုက် Swarajya News က ဒီဇင်ဘာလ ၁၆ ရက် တွင်ရေးသားပါတယ်။

နိုင်ငံအရှေ့ဖျား အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် "အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း" LAC တစ်လျှောက် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ တင်းမာမှုများ ထပ်မံဖြစ်ပေါ်နေချိန်မှာ ၃ ဒသမ ၁ မိုင်ကျော် ပျံသန်းနိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို နယူးဒေလီက စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်း အမျိုးသားရေးသတင်းအေဂျင်စီက ဆိုပါတယ်။ ယခုလအစောပိုင်းတွင် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရဲ့ (ပိုင်ဆိုင်မှုအငြင်းပွား) “တာဝမ်” ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်သားများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

LAC ဒေသရှိ နည်းဗျူဟာအရ အရေးပါတဲ့ တောင်ထွတ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်တပ်ဖွဲ့များကို အိန္ဒိယစစ်သားတို့က ကိုယ့်နေရာကိုယ်ပြန်သွားကြဖို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ တာဝမ်ဒေသမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ပဋိပက္ခမဖြစ်ပွားမီ ရက်သတ္တပတ်များအတွင်း ဒုံးကျည်စမ်းသပ်မှုပြုလုပ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ အိန္ဒိယက ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ ဒုံးကျည်စမ်းသပ်မှုကို နိုင်ငံ့အရှေ့ပိုင်းသြရိဿပြည်နယ်ကမ်းလွန်ရှိ “ဝှီးလားကျွန်း" လို့ လူသိများတဲ့ “အေပီဂျေ အဗ္ဗဒူလ်ကာလမ်ကျွန်း” မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပေကျင်းအပြင် အခြားတရုတ်မြို့ကြီးအများအပြားအထိ အရောက်ပျံသန်းနိုင်တဲ့ အကွာအဝေးအတွင်း အိန္ဒိယကုန်းတွင်း အခြေစိုက် နျူကလီယာလက်နက်များမှာ အဂ္ဂဏီ-ဖိုက်များကို ဖြန့်ကျက်ထားပြီးဖြစ်ကြောင်း ဖော်ပြရာရောက်ပါတယ်။

ယခင် အဂ္ဂဏီ-ဖိုက်ဒုံးကျည်တို့ရဲ့ အမှန်တကယ်ပျံသန်းနိုင်တဲ့အကွာအဝေးဟာ မိုင် ၅ဝဝဝ နီးပါးရှိနိုင်ကြောင်း တရုတ်ကျွမ်းကျင်သူများက အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယအနေနဲ့ဒေသတွင်း အခြားနိုင်ငံများအတွက် စိုးရိမ်စရာ မဖြစ်ဖို့ ဒုံးကျည်ရဲ့စွမ်းရည်ကို ဆင်ခြင်နှိမ့်ချထားခြင်းဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့ကြပါတယ်။

zawgyi version

အေရွ႕ဖ်ားျပည္နယ္ ပိုင္ဆိုင္မႈအျငင္းပြားနယ္ျခား၌ တ႐ုတ္ႏွင့္ တင္းမာမႈျဖစ္ပြားၿပီးေနာက္ အိႏၵိယသမုဒၵရာအတြင္း တာေဝးပစ္ ပဲ့ထိန္းက်ည္ကို နယူးေဒလီ စမ္းသပ္ပစ္လႊတ္

Htay Oung (NP News) - ဒီဇင္ဘာ ၂၂

ဝန္ႀကီးခ်ဳပ္ ဦးေဆာင္တဲ့ နယူးေဒလီ န်ဴကလီးယားကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕အစည္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ မဟာဗ်ဴဟာတပ္ဖြဲ႕ကြပ္ကဲမႈဌာနခ်ဳပ္ဟာ အဏုျမဴထိပ္ဖူးသယ္ေဆာင္ႏိုင္တဲ့ Agni-5 "အဂၢဏီ-ဖိုက္" အမည္ရွိ တာေဝးပစ္ ပဲ့ထိန္းဒုံးက်ည္ကို အိႏၵိယသမုဒၵရာအတြင္း စမ္းသပ္ပစ္လႊတ္လိုက္တယ္လို႔ နယူးေဒလီအေျခစိုက္ Swarajya News က ဒီဇင္ဘာလ ၁၆ ရက္ တြင္ေရးသားပါတယ္။

ႏိုင္ငံအေရွ႕ဖ်ား အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ "အမွန္တကယ္ထိန္းခ်ဳပ္ေရးမ်ဥ္း" LAC တစ္ေလွ်ာက္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံနဲ႔ တင္းမာမႈမ်ား ထပ္မံျဖစ္ေပၚေနခ်ိန္မွာ ၃ ဒသမ ၁ မိုင္ေက်ာ္ ပ်ံသန္းႏိုင္တဲ့ တာေဝးပစ္ဒုံးက်ည္ကို နယူးေဒလီက စမ္းသပ္ပစ္လႊတ္ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားေရးသတင္းေအဂ်င္စီက ဆိုပါတယ္။ ယခုလအေစာပိုင္းတြင္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ရဲ႕ (ပိုင္ဆိုင္မႈအျငင္းပြား) “တာဝမ္” ေဒသမွာ အိႏၵိယနဲ႔ တ႐ုတ္စစ္သားမ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။LAC ေဒသရွိ နည္းဗ်ဴဟာအရ အေရးပါတဲ့ ေတာင္ထြတ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနတဲ့ တ႐ုတ္တပ္ဖြဲ႕မ်ားကို အိႏၵိယစစ္သားတို႔က ကိုယ့္ေနရာကိုယ္ျပန္သြားၾကဖို႔ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။တာဝမ္ေဒသမွာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္နဲ႔ ပဋိပကၡမျဖစ္ပြားမီ ရက္သတၱပတ္မ်ားအတြင္း ဒုံးက်ည္စမ္းသပ္မႈျပဳလုပ္မွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လမွာ အိႏၵိယက ႀကိဳတင္သတိေပးခ်က္မ်ားကို ထုတ္ျပန္ခဲ့ပါတယ္။

ဒုံးက်ည္စမ္းသပ္မႈကို ႏိုင္ငံ့အေရွ႕ပိုင္းၾသရိႆျပည္နယ္ကမ္းလြန္ရွိ “ဝွီးလားကြၽန္း" လို႔ လူသိမ်ားတဲ့ “ေအပီေဂ် အဗၺဒူလ္ကာလမ္ကြၽန္း” မွ ပစ္လႊတ္ခဲ့ျခင္းျဖစ္ပါတယ္။ ေပက်င္းအျပင္ အျခားတ႐ုတ္ၿမိဳ႕ႀကီးအမ်ားအျပားအထိ အေရာက္ပ်ံသန္းႏိုင္တဲ့ အကြာအေဝးအတြင္း အိႏၵိယကုန္းတြင္း အေျခစိုက္ န်ဴကလီယာလက္နက္မ်ားမွာ အဂၢဏီ-ဖိုက္မ်ားကို ျဖန႔္က်က္ထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပရာေရာက္ပါတယ္။ယခင္ အဂၢဏီ-ဖိုက္ဒုံးက်ည္တို႔ရဲ႕ အမွန္တကယ္ပ်ံသန္းႏိုင္တဲ့အကြာအေဝးဟာ မိုင္ ၅ဝဝဝ နီးပါးရွိႏိုင္ေၾကာင္း တ႐ုတ္ကြၽမ္းက်င္သူမ်ားက အခိုင္အမာေျပာဆိုခဲ့ၾကပါတယ္။

အိႏၵိယအေနနဲ႔ေဒသတြင္း အျခားႏိုင္ငံမ်ားအတြက္ စိုးရိမ္စရာ မျဖစ္ဖို႔ ဒုံးက်ည္ရဲ႕စြမ္းရည္ကို ဆင္ျခင္ႏွိမ့္ခ်ထားျခင္းျဖစ္ေၾကာင္း အရိပ္အႁမြက္ ေဖာ္ျပခဲ့ၾကပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၅)ရက်ကြာပျောက်ဆုံးနေသည့် မောင်ဇွဲဝေယံထွန်းကို အိမ်နီးချင်း အမျိုးသမီးတစ်ဦးမှ ခေါ်ယူဖွက်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ရဲစခန်း၌ဖြေရှင်းနေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved