သပိတ်ကျင်းမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၁၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၉ ရက်၊ နံနက် ၈ နာရီ ၃ဝ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့နယ်၊ မင်းကုန်း ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးအံ့ကျော်သည် ၎င်း၏မိသားစုနှင့်အတူနေအိမ်၌ရှိနေစဉ် PDF အဖွဲ့ အင်အား ၁၅ ဦးခန့်က လက်နက်များကိုင်ဆောင်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအံ့ကျော်(၅၂)နှစ်တွင် ယာချိုင်းအောက်ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့၌ စိတ်ရောဂါသည် အမျိုးသားတစ်ဦးအား Express ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ သေဆုံးမှုဖြစ်ပွား
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ