မောင်းပြန်သေနတ် ၂ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင်(၁၂)ဦးအား နစကမှ ငွေကျပ်သိန်း (၃၀၀)ကျော် ထောက်ပံ့
Pearl (NSS) - အောက်တိုဘာ ၁၀
မောင်းပြန်သေနတ် ၂ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၁၂)ဦးအား နစကမှ ငွေကျပ်သိန်း(၃၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နစကမှ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်ခြင်းမရှိသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် AK- 47 မောင်းပြန်သေနတ် ၂ လက်နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုခြင်းအခမ်းအနားကို စစ်ကိုင်း တိုင်း ၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါ အခမ်းအနား၌ ၎င်းတို့နှင့်အတူပါလာသည့် AK- 47 မောင်းပြန်သေနတ် ၂ လက်ကို အပ်နှံကြရာတိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး AK- 47 မောင်းပြန်သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀ ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁ ဦးလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ ၊ စုစုပေါင်းငွေကျပ်သိန်း ၃၄၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့၌ စံချိန်တင်ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၂၀၀၀၀)နီးပါးကို ကယ်ဆယ်ရေးစခန်း(၄၁)ခုသို့ ပြောင်းရွှေ့ပေးထား
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ