ပြည်တွင်းဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း(၁၂)မျိုးကို မသုံးစွဲသင့်ကြောင်း FDA အသိပေး
စော(NSS) - အောက်တိုဘာ ၈
ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၁၂)မျိုးကို မသုံးစွဲသင့်ကြောင်း FDA က အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၁၂)မျိုးသည် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။
အဆိုပါအလှကုန်ပစ္စည်း(၁၂)မျိုးသည် Apple lipstick, Pearl skin & Ginger cream, Pretty makeup paletee, Lameila, lidanxiu, 12color eyeshow palette, Collgen plus vit E, Liquid showdow fashion eyeshow, IU Beauty, MILA Color, Kiss Beauty နှင့် L’CHEAR တို့ဖြစ်ကြောင်း သိရသည်။
၎င်းတားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်းဖြစ်ပွားတတ်ကြောင်း သိရသည်။
ထို့ပြင် ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါအလှကုန်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို လုံးဝမပြုလုပ်ရန်နှင့် မလိုက်နာပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူသွားမည်ဖြစ်ကြောင်း FDA Myanmar မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက်၌ အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင်ကုမ္ပဏီများ ဝင်ရောက်မှတ်ပုံတင်နိုင်ရေး စီစဉ်နေ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ