Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘုရားသုံးဆူမြို့ ထွေအုပ်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရ

NP News - ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)၊ ညနေ ၃ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့၊ ရတနာသိင်္ဃလမ်းမပေါ်၊ ထွေအုပ်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ မြို့ခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

“ဘုရားသုံးဆူမြို့၊ ရတနာသိင်္ဃလမ်းမကြီးပေါ်မှာရှိတဲ့ ထွေအုပ်ရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်တာ။ အမှတ်(၃) ရပ်ကွက် အပိုင်မှာ ဖြစ်တာပေါ့။ ပေါက်ကွဲမှုဖြစ်တော့ သုံးဘီးဆိုင်ကယ်နဲ့လာတဲ့ လင်မယားနှစ်ဦးကို ထိသွားတယ်။ အမျိုးသမီးကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အမျိုးသားကတော့ မစိုးရိမ်ရဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် သုံးဘီးဆိုင်ကယ် မောင်းနှင်လာသည့် လင်မယားနှစ်ဦးအနက် အမျိုးသမီးဖြစ်သူမှာ လည်ပင်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီးဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အဲဒီနားမှာလည်း ဂိတ်အတားအဆီးတွေ ရှိတယ်လေ။ ဒါပေမယ့် ကားတို့၊ ဆိုင်ကယ်တို့က မပြတ်ဘူး သွားလာနေကြတာ။ မြို့ပေါ်လမ်းမကြီးလည်း ဖြစ်တယ်။ အဲဒီနေရာမှာ ထပေါက်တာပေါ့။ တစ် ယောက်ယောက်ကတော့ မိုင်းလာထောင်လို့တော့ မရဘူး။ လူမှ မပြတ်တာ။ တစ်ယောက်ယောက်က ဆိုင်ကယ်နဲ့သွားရင်း ပစ်ချခဲ့တဲ့သဘော ရှိလိမ့်မယ်။ အတိအကျတော့ မသိဘူး ဒါပေမယ့် ရှေ့က ယောကျာ်းလေး(၃)ယောက်က ပစ်ချသွားတယ်လို့တော့ ပြောနေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံက ပြောသည်။

အထက်ပါကဲ့သို့ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သော လင်မယားနှစ်ဦးသည် သာမာန်အရပ်သားများသာဖြစ်ပြီး ကယ်ရီဆွဲသည့် အလုပ်ကို လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ လဝကရုံးများကို လက်နက်ကိုင်အစုအဖွဲ့တစ်ခုမှ အင်အားအများအပြားဖြင့် လာရောက်ကာ မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version

ဘုရားသုံးဆူၿမိဳ႕ ေထြအုပ္႐ုံးေရွ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး တစ္ဦးဒဏ္ရာရ

NP News - ေဖေဖာ္ဝါရီ ၂၂

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးေရွ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ၿပီး တစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္)၊ ညေန ၃ နာရီအခ်ိန္ခန႔္တြင္ ဘုရားသုံးဆူၿမိဳ႕၊ ရတနာသိဃၤလမ္းမေပၚ၊ ေထအုပ္႐ုံးေရွ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ ၿမိဳ႕ခံတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

“ဘုရားသုံးဆူၿမိဳ႕၊ ရတနာသိဃၤလမ္းမႀကီးေပၚမွာရွိတဲ့ ေထြအုပ္႐ုံးေရွ႕မွာ ေပါက္ကြဲမႈျဖစ္တာ။ အမွတ္(၃) ရပ္ကြက္ အပိုင္မွာ ျဖစ္တာေပါ့။ ေပါက္ကြဲမႈျဖစ္ေတာ့ သုံးဘီးဆိုင္ကယ္နဲ႔လာတဲ့ လင္မယားႏွစ္ဦးကို ထိသြားတယ္။ အမ်ိဳးသမီးကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္။ အမ်ိဳးသားကေတာ့ မစိုးရိမ္ရဘူး” ဟု ဘုရားသုံးဆူၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ သုံးဘီးဆိုင္ကယ္ ေမာင္းႏွင္လာသည့္ လင္မယားႏွစ္ဦးအနက္ အမ်ိဳးသမီးျဖစ္သူမွာ လည္ပင္း ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ေနရာတြင္ပင္ ပြဲခ်င္းၿပီးဆုံးသြားေၾကာင္း ၎က ဆက္လက္ေျပာသည္။

“အဲဒီနားမွာလည္း ဂိတ္အတားအဆီးေတြ ရွိတယ္ေလ။ ဒါေပမယ့္ ကားတို႔၊ ဆိုင္ကယ္တို႔က မျပတ္ဘူး သြားလာေနၾကတာ။ ၿမိဳ႕ေပၚလမ္းမႀကီးလည္း ျဖစ္တယ္။ အဲဒီေနရာမွာ ထေပါက္တာေပါ့။ တစ္ ေယာက္ေယာက္ကေတာ့ မိုင္းလာေထာင္လို႔ေတာ့ မရဘူး။ လူမွ မျပတ္တာ။ တစ္ေယာက္ေယာက္က ဆိုင္ကယ္နဲ႔သြားရင္း ပစ္ခ်ခဲ့တဲ့သေဘာ ရွိလိမ့္မယ္။ အတိအက်ေတာ့ မသိဘူး ဒါေပမယ့္ ေရွ႕က ေယာက်ာ္းေလး(၃)ေယာက္က ပစ္ခ်သြားတယ္လို႔ေတာ့ ေျပာေနၾကတယ္” ဟု ဘုရားသုံးဆူၿမိဳ႕ခံက ေျပာသည္။

အထက္ပါကဲ့သို႔ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ေသဆုံးမႈရွိခဲ့ေသာ လင္မယားႏွစ္ဦးသည္ သာမာန္အရပ္သားမ်ားသာျဖစ္ၿပီး ကယ္ရီဆြဲသည့္ အလုပ္ကို လုပ္ကိုင္ေလ့ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းကလည္း ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ေထြအုပ္႐ုံး၊ စည္ပင္႐ုံး၊ လဝက႐ုံးမ်ားကို လက္နက္ကိုင္အစုအဖြဲ႕တစ္ခုမွ အင္အားအမ်ားအျပားျဖင့္ လာေရာက္ကာ မီးရႈိ႕ဖ်က္ဆီးသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်းဘွဲ့မြို့နယ်တွင် Drop Bomb များပစ်ချဖောက်ခွဲမှုကြောင့် အရပ်သား(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved