Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်များကို ပြန်လည် လျှောက်ထားနိုင်တော့မည်

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံကူးလက်မှတ်များကို လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ အွန်လိုင်း Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နစကဘက်မှ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ယနေ့(ဖေဖော်ဝါရီလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အွန်လိုင်း Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင်သာ ကျင့်သုံးမည်ဖြစ်ပြီး အခြား ပြည်နယ်နှင့် တိုင်းများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်းသာ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် နိုင်ငံကူးလက်မှတ်များလျှောက်ထားနိုင်မည်ဟု သတင်းထွက်ပေါ်မှုအပေါ် “ရက်တော့ ကျွန်တော်မပြောတော့ဘူး။ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီးတော့ ပိုအဆင်ပြေအောင်၊ ပိုပြီးတော့ မြန်ဆန်လာအောင် ကျွန်တော်တို့ လုပ်ဆောင်လျက်ရှိပါတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာလည်း တရားဝင်ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောဆိုထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အွန်လိုင်း Booking ရယူရာ၌ အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူလျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါးတည်းပေးချေရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အွန်လိုင်း Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အကူအညီ တောင်းခံကာ လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများ မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံကူးလက်မှတ်များကို www.passport.gov.mm ဝက်ဆိုက်မှ အွန်လိုင်း Booking စနစ်သစ်ဖြင့် ကိုယ်တိုင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစ၍ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ (၃)လနီးပါးကြာ ရပ်ဆိုင်းထားသည့်ကာလအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသော မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်ရရှိခြင်း မရှိသည့်အတွက် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားများက ပြောဆိုထားကြသည်။

zawgyi version

ႏိုင္ငံကူးလက္မွတ္မ်ားကို ျပန္လည္ ေလွ်ာက္ထားႏိုင္ေတာ့မည္

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၂

ျမန္မာႏိုင္ငံကူးလက္မွတ္မ်ားကို လာမည့္ ေဖေဖာ္ဝါရီလ ၂၄ ရက္မွစ၍ အြန္လိုင္း Booking စနစ္သစ္ျဖင့္ ကိုယ္တိုင္ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း နစကဘက္မွ ထြက္ေပၚလာသည့္သတင္းမ်ားအရ သိရသည္။

ယေန႔(ေဖေဖာ္ဝါရီလ ၂၂ ရက္)တြင္ အထက္ပါကဲ့သို႔ သတင္းထြက္ေပၚလာျခင္းျဖစ္သည္။

အြန္လိုင္း Booking စနစ္အား ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး(ရန္ကုန္)တြင္သာ က်င့္သုံးမည္ျဖစ္ၿပီး အျခား ျပည္နယ္ႏွင့္ တိုင္းမ်ားရွိ ႐ုံးခြဲမ်ား၌ ယခင္ေလွ်ာက္ထားမႈ လုပ္ငန္းစဥ္အတိုင္းသာ ေဆာင္ ႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ႏိုင္ငံကူးလက္မွတ္မ်ားေလွ်ာက္ထားႏိုင္မည္ဟု သတင္းထြက္ေပၚမႈအေပၚ “ရက္ေတာ့ ကြၽန္ေတာ္မေျပာေတာ့ဘူး။ ႏိုင္ငံကူးလက္မွတ္နဲ႔ ပတ္သက္ၿပီးေတာ့ ပိုအဆင္ေျပေအာင္၊ ပိုၿပီးေတာ့ ျမန္ဆန္လာေအာင္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္လ်က္ရွိပါတယ္။ မၾကာမီ ရက္ပိုင္းအတြင္းမွာလည္း တရားဝင္ထုတ္ျပန္သြားဖို႔ ရွိပါတယ္” ဟု နစကသတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေျပာဆိုထားသည္။

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားရာတြင္ အြန္လိုင္း Booking ရယူရာ၌ အခ်ိန္အကန႔္အသတ္မရွိဘဲ အလြယ္တကူေလွ်ာက္ထားႏိုင္ၿပီး ကုန္က်စရိတ္ကို သတ္မွတ္ႏႈန္းထားအတိုင္း တစ္ပါးတည္းေပးေခ်ရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ အြန္လိုင္း Booking ေလွ်ာက္ထားရန္ အခက္အခဲရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕မရဲစခန္းမ်ားတြင္ အကူအညီ ေတာင္းခံကာ ေလွ်ာက္ထားႏိုင္ေၾကာင္းလည္း သိရသည္။

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရာတြင္ မည္သူမဆို လြယ္ကူစြာ ေလွ်ာက္ထားႏိုင္ရန္ စီစဥ္ထားရွိၿပီး ၾကားခံပြဲစားမ်ားျဖင့္ အခေၾကးေငြေပးေဆာင္၍ ေလွ်ာက္ထားျခင္းမ်ား မျပဳလုပ္ရန္လည္း တိုက္တြန္းထားသည္။

ႏိုင္ငံကူးလက္မွတ္မ်ားကို www.passport.gov.mm ဝက္ဆိုက္မွ အြန္လိုင္း Booking စနစ္သစ္ျဖင့္ ကိုယ္တိုင္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး၌ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ားကို ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္မွစ၍ ယာယီရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။

ထိုသို႔ (၃)လနီးပါးၾကာ ရပ္ဆိုင္းထားသည့္ကာလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ရန္ စီစဥ္ထားေသာ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ရရွိျခင္း မရွိသည့္အတြက္ အခက္အခဲမ်ားျဖစ္ေပၚခဲ့ေၾကာင္း အလုပ္သမားမ်ားက ေျပာဆိုထားၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေထည်နှင့် ငွေသားများ လုယက်မှု နမ့်ခမ်းမြို့နယ်တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved