နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်နှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး နစကစီစဉ်နေ
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၂
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်နှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး နစကမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပင်စင်ခံစားခွင့်နှင့်သက်ဆိုင်သော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လက်ရှိအခြေ အနေနှင့်ကိုက်ညီစေရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသည်။
ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးက တာဝန်ယူမည်ဖြစ်ပြီး ၎င်းအဖွဲ့ကို (၁၄)ဦးဖြင့် ဖွဲ့စည်းထား သည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်နှင့်သက်ဆိုင်သော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လက်ရှိအခြေအနေနှင့်ကိုက်ညီစေရေးအတွက် လေ့လာသုံးသပ်တင်ပြရန် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို တာဝန်ပေးထားသည်။
ထို့ပြင် ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များသည် နောင်တွင်ပြဋ္ဌာန်းမည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိကို စိစစ်တင်ပြရန်လည်း ၎င်းအဖွဲ့ကို တာဝန်ပေးထားသည်။
ပင်စင်ဥပဒေ၊ နည်းဥပဒေတို့နှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်မည့် အချက်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို ရယူသွားရန်လည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းအဖွဲ့ကို တာဝန်ပေးထားသည်။
ထိုသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့၏ စိစစ်သုံးသပ်တွေ့ရှိချက်များကို ဝန်ကြီး ဌာနမှတစ်ဆင့် နစကရုံးသို့တင်ပြပြီး အတည်ပြုချက်ရရှိပါက ဥပဒေပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။
ယခင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသက်(၆ဝ)ပြည့်ပါက ပင်စင်ယူရမည်ဟု သတ် မှတ်ခဲ့သော်လည်း လက်ရှိ နစက လက်ထက်၌ ပင်စင်ယူရမည့်အသက်ကို (၆၂)နှစ်သို့ တိုးမြှင့်သတ်မှတ်ပေးထားသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော် ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်နှင့် လျော့ပေါ့ပင်စင်တို့ကို ခံစားခွင့်ရှိကြောင်း သတ်မှတ်ထားသည်။
zawgyi version
ႏိုင္ငံ့ဝန္ထမ္းမ်ား၏ ပင္စင္ခံစားခြင့္ႏွင့္သက္ဆိုင္သည့္ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပင္ဆင္ျပ႒ာန္းႏိုင္ေရး နစကစီစဥ္ေန
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၂
ႏိုင္ငံ့ဝန္ထမ္းမ်ား၏ ပင္စင္ခံစားခြင့္ႏွင့္သက္ဆိုင္သည့္ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပင္ဆင္ျပ႒ာန္းႏိုင္ေရး နစကမွ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ပင္စင္ခံစားခြင့္ႏွင့္သက္ဆိုင္ေသာ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားကို လက္ရွိအေျခ အေနႏွင့္ကိုက္ညီေစေရးအတြက္ ျပင္ဆင္ျပ႒ာန္းႏိုင္ရန္ ပင္စင္ဥပေဒသုံးသပ္ျပင္ဆင္ေရးအဖြဲ႕ကို စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဖြဲ႕စည္းထားသည္။
ပင္စင္ဥပေဒသုံးသပ္ျပင္ဆင္ေရးအဖြဲ႕တြင္ ဥကၠ႒အျဖစ္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဌာနမွ ဒုတိယဝန္ႀကီးက တာဝန္ယူမည္ျဖစ္ၿပီး ၎အဖြဲ႕ကို (၁၄)ဦးျဖင့္ ဖြဲ႕စည္းထား သည္။
ႏိုင္ငံ့ဝန္ထမ္းမ်ား၏ ပင္စင္ခံစားခြင့္ႏွင့္သက္ဆိုင္ေသာ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားကို လက္ရွိအေျခအေနႏွင့္ကိုက္ညီေစေရးအတြက္ ေလ့လာသုံးသပ္တင္ျပရန္ ပင္စင္ဥပေဒသုံးသပ္ျပင္ဆင္ေရးဖြဲ႕ကို တာဝန္ေပးထားသည္။
ထို႔ျပင္ ျပင္ဆင္ျဖည့္စြက္လိုသည့္အခ်က္မ်ားသည္ ေနာင္တြင္ျပ႒ာန္းမည့္ ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြဥပေဒႏွင့္ လိုက္ေလ်ာညီေထြမႈ ရွိ၊ မရွိကို စိစစ္တင္ျပရန္လည္း ၎အဖြဲ႕ကို တာဝန္ေပးထားသည္။
ပင္စင္ဥပေဒ၊ နည္းဥပေဒတို႔ႏွင့္ပတ္သက္၍ ျပင္ဆင္ျဖည့္စြက္မည့္ အခ်က္မ်ားႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာဌာနမ်ား၏ သေဘာထားမွတ္ခ်က္ႏွင့္ အႀကံျပဳခ်က္မ်ားကို ရယူသြားရန္လည္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ၎အဖြဲ႕ကို တာဝန္ေပးထားသည္။
ထိုသို႔ ပင္စင္ဥပေဒသုံးသပ္ျပင္ဆင္ေရးအဖြဲ႕၏ စိစစ္သုံးသပ္ေတြ႕ရွိခ်က္မ်ားကို ဝန္ႀကီး ဌာနမွတစ္ဆင့္ နစက႐ုံးသို႔တင္ျပၿပီး အတည္ျပဳခ်က္ရရွိပါက ဥပေဒျပ႒ာန္းထုတ္ျပန္ႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ဆိုထားသည္။
ယခင္က ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အသက္(၆ဝ)ျပည့္ပါက ပင္စင္ယူရမည္ဟု သတ္ မွတ္ခဲ့ေသာ္လည္း လက္ရွိ နစက လက္ထက္၌ ပင္စင္ယူရမည့္အသက္ကို (၆၂)ႏွစ္သို႔ တိုးျမႇင့္သတ္မွတ္ေပးထားသည္။
ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ သက္ျပည့္ပင္စင္၊ ႏွစ္ျပည့္ပင္စင္၊ နာမက်န္းပင္စင္၊ ေလ်ာ္ ေၾကးပင္စင္၊ အထူးပင္စင္၊ မိသားစုပင္စင္ႏွင့္ ေလ်ာ့ေပါ့ပင္စင္တို႔ကို ခံစားခြင့္ရွိေၾကာင္း သတ္မွတ္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆောက်အဦးဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုကြောင့် အမျိုးသား (၂)ဦး ဒဏ်ရာရ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ