Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံတွင် ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုလိုအပ်ချက် များပြားလာဟုဆို

စော(NSS) - အောက်တိုဘာ ၃

ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါများတွင် ကင်ဆာရောဂါသည် အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံ၌လည်း ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှု လိုအပ်ချက်သည် များပြားလာကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။


နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့(အောက်တိုဘာလ ၂ရက်)တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၁)၊ တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၌ ပြုလုပ်သော ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားလျက်ရှိရာ မကူးစက်နိုင်သောရောဂါများတွင် ကင်ဆာရောဂါသည် အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပြီး ကင်ဆာရောဂါလူနာများ၏ ၆ဝ ရာခိုင်နှုန်းခန့်သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှု လိုအပ်ချက်သည် တစ်စတစ်စမြင့်တက်လာသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် Linear Accelerator (LA)ဟုခေါ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများ နှင့် ခေတ်မီကုသရေးအဆောက်အအုံများကို တပ်မတော်ဆေးရုံများတွင် တိုးချဲ့ဆောက်လုပ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ တပ်ဆင်ပေးခဲ့ရာမှ ယခင်က ရန်ကုန်မြို့ရှိ အမှတ် (၂)တပ်မတော်ဆေးရုံ (ခုတင် ၅၀၀)နှင့် အောင်ပန်းမြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)တို့တွင်သာ ကုသလျက်ရှိရာ လက်ရှိတွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၌ပင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများကို တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်သစ်ကြီးများရှိလာသည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် နေထိုင်သည့်  တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် အားကိုးအားထားပြုရမည့်ကင်ဆာကုသပေးရာဌာနတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင်လည်း Cyberknife ဟုခေါ်သည့် အဆင့်မြင့်ဓာတ်ရောင်ခြည်ကုသစက်တစ်လုံးရှိနေကြောင်း သိရသည်။

ယခုအချိန်တွင် တပ်မတော်ဆေးရုံကြီးလေးရုံ၌ ကင်ဆာရောဂါဝေသနာရှင်များကို ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကင်ဆာဆေးဖြင့် ကုသခြင်းအစရှိသည့် ကင်ဆာကုသမှုများကို ပြုလုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကင်ဆာရောဂါကုသရေးလုပ်ငန်းသည် သုတေသနလုပ်ငန်းနှင့်ယှဉ်တွဲလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် တပ်မတော်ဆေးရုံကြီး လေးရုံမှ ကင်ဆာသုတေသန အချက်အလက်များကို အမြဲလေ့လာသုံးသပ်နေရန် လိုအပ်ကြောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးနဲ့အတူ မိသားစုဝင်များ သေဆုံး

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved