သပိတ်ကျင်းမြို့နယ်တွင် လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - အောက်တိုဘာ ၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်တွင် လင်မယား(၂)ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (စက်တင်ဘာလ ၂၉ ရက်)၊ ညနေ ၄ နာရီ (၃ဝ) မိနစ် အချိန်တွင် သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် သေဆုံးသူလင်မယား(၂)ဦးသည် ၎င်းတို့နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့အင်အား (၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ကျော်မင်း(၄၂)နှစ် နှင့် ဒေါ်ခင်မျိုးလှိုင်(၃၈)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ရီးယားနဲ့ ရုရှားနိုင်ငံတို့အပေါ် အမေရိကန်နိုင်ငံ ဒေါသတစ်ကြီးရန်လိုနေဟု မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ