မြောက်ရီးယားနဲ့ ရုရှားနိုင်ငံတို့အပေါ် အမေရိကန်နိုင်ငံ ဒေါသတစ်ကြီးရန်လိုနေဟု မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂
အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အပေါ် ဒေါသတစ်ကြီးရန်လိုနေပြီး မမျှတဲ့ပြုအမူ ဆက်ဆံမှုမျိုး လုပ်ဆောင်နေကြောင်း မြောက်ကိုရီယားအစိုးရ က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမေရိကန်ဟာ စစ်အေးခေတ်တိုက်ပွဲကာလ စိတ်ဓါတ်မျိုးတွေ ပြသနေကြောင်း ဆိုပါတယ်။
မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Im Chon Il က "ရုရှား-မြောက်ကိုရီးယားတို့ရဲ့ဆက်ဆံရေးအပေါ်ထားရှိတဲ့ အမေရိကန်ဆက်ဆံရေးက ရွှံ့စရာကောင်းတယ်။ လွတ်လပ်တဲ့နိုင်ငံတွေရဲ့နယ်ချဲ့ဆန့်ကျင်ရေးကိစ္စ များကို လိုလားမှုမရှိဘဲဖြစ်နေတယ်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ကြား လုံခြုံရေးမဟာမိတ် ဖွဲ့စည်းမှုအပြင် အမေရိကန်ဦးဆောင်တဲ့စစ်ရေးအဖွဲ့တွေက နိုင်ငံတကာအမိန့်များကို ပျက်လိုပျက်စီးဖြစ်အောင် လုပ်ဆောင်နေတာမျိုးဖြစ်တယ်။ နေတိုးအဖွဲ့ဟာဆိုရင် ယူကရိန်းစစ်ပွဲမှာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေ တယ်။ အမေရိကန် နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ထိပ်တိုက်တွေ့ဆုံရေးအယူဆတွေကြောင့် ရုရှားနဲ့ မြောက်ကိုရီးယား နိုင်ငံကြားဆက်ဆံရေးက အမြင့်ဆုံးကို ရောက်ရှိလာခဲ့တယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဟန့်တား နိုင်ဖို့ ရုရှားနိုင်ငံအပြင်အခြား လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန် အောင်လုပ်ဆောင်သွားမယ်လို့ ၎င်းက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့လမှာ ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားသမ္မတ ပူတင် အပြင် ရုရှားအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ ရုရှားကို စစ်လက်နက်ပစ္စည်းများ၊ ကျည်ဆံများ ပံ့ပိုးပေးနိုင်ဖို့ သဘောတူညီခဲ့ကြောင်း အနောက်အုပ်စုမီဒီယာတွေက ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းကူးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်ရာမှ အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ