မလေးရှား၌ ငါးဖမ်းရင်း ရေစီးဖြင့်မြောပါသွားသော မြန်မာအမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား (၆)ရက်အကြာတွင် တွေ့ရှိ
စော (NSS) - အောက်တိုဘာ ၂
မလေးရှားနိုင်ငံ၌ ပင်လယ်ပြင်တွင် ငါးဖမ်းရင်း ရေစီးဖြင့် မြောပါသွားသော မြန်မာအမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား (၆)ရက်အကြာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ယနေ့(အောက်တိုဘာလ ၂ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ရှိ ရွာတွင် နေထိုင်သော ကိုနိုင်ကျော်နိုင်ဦးဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် သူငယ်ချင်းများနှင့်အတူ ပင်လယ်ပြင်တွင် ငါးဖမ်းကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ရေလုပ်သားများသည် ပြီးခဲ့သည် (စက်တင်ဘာ ၂ဝ ရက်) တွင် ပင်လယ်တွင် ပိုက်ချခဲ့သော ငါးဖမ်းပိုက်ကို စွဲတင်နေစဉ် ပြင်းထန်သောလှိုင်းကြောင့် ငါးဖမ်းစက်လှေမှာ တစ်ခြမ်းဆောင်းခဲ့ကြောင်း သိရသည်။
ထို့အချိန်တွင် အနီးရှိ ကိုနိုင်ကျော်နိုင်ဦး နှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ကို အဆိုပါပိုက်ကြိုးနှင့် ရိုက်မိပြီး ပင်လယ် အတွင်းသို့ပြုတ်ကျကာ လှိုင်းပိခဲ့သဖြင့် ရေလုပ်သားများမှ စက်လှေများဖြင့် ၎င်းတို့ကို ရေငုတ်ရှာခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာစလန်းကောခရိုင်၊ ဆာဗါးဗဒက်နံ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည် (စက်တင်ဘာ ၂၆ ရက်) တွင် ရေစီး ဖြင့်မြောပါလာသော ကိုနိုင်ကျော်နိုင်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သဖြင့် စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။
ထို့သို့စုံစမ်းမေးမြန်းခဲ့ရာ လက်မောင်းတွင် ထိုးထားသော တက်တူးကြောင့် သေဆုံးသူမှာ မြန်မာအမျိုးသား ကိုနိုင်ကျော်နိုင်ဦးဖြစ်ကြောင်း သိရသဖြင့် ၎င်းအား အမြန်ဆုံးသဂြိုလ်နိုင်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်း မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့နယ်တွင် လင်မယား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ