ထိုင်းနိုင်ငံတွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်ကို မြန်မာတိုက်ခိုက်ရေးသမား သပြေညို ပထမဆုံး ပါဝင်ယှဉ်ပြိုင်မည်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂
မြန်မာနာမည်ကျော်တိုက်ခိုက်ရေးသမား သပြေညိုသည် နိုဝင်ဘာ ၄ ရက်တွင် ထိုင်းနိုင်ငံပတ္တယားမြို့တွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း BKFC အဖွဲ့က ဖော်ပြထားသော တွဲဆိုင်းအစီအစဉ်များအရ သိရသည်။
သပြေညိုသည် အဆိုပါပွဲစဉ်တွင် ထိုင်းတိုက်ခိုက်ရေးသမား Pongpisan Chunyong ဆိုသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်တွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်တွင် ထိုင်းတိုက်ခိုက်ရေးသမား နှစ်ဦးဖြစ်သော Buakaw နှင့် Saenchai တို့ တွဲဆိုင်းက အဓိကပွဲစဉ်အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ MMA တိုက်ခိုက်ရေးသမား သပြေညိုသည် ပြည်တွင်းလက်ဝှေ့ပွဲစဉ်များ နှင့် နာမည်ကျော် One Championship ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း BKFC ပွဲစဉ်များကို ပထမဆုံးယှဉ်ပြိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။
သပြေညိုသည် ပြည်တွင်းလက်ဝှေ့ပွဲစဉ်များကို ယှဉ်ပြိုင်ထိုးသတ်ရာတွင်လည်း ရလဒ်ကောင်းများရယူနိုင်ခဲ့သလို MMA ပွဲစဉ်များကို ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။သပြေညို နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းကစ်ဘောင်ဆင်သမား Pongpisan Chunyong ဆိုသူသည် BKFC ပွဲစဉ်များကို ယှဉ် ပြိုင်ထိုးသတ်ဖူးသော အတွေ့အကြုံရှိနေသူဖြစ်ပြီး BKFC ပွဲစဉ် သုံးပွဲထိုးသတ်ခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်သည်။
အသက် ၃၆ နှစ်အရွယ်ရှိ ထိုင်းတိုက်ခိုက်ရေးသမား ပရော်ဖက်ရှင်နယ် ကစ်ဘောင်ဆင်ပွဲစဉ်များတွင်လည်း နိုင်ပွဲ ၇၂ ပွဲ ၊ သရေပွဲ နှစ်ပွဲ နှင့် ရှုံးပွဲ ၁၆ ပွဲ ရှိထားသူဖြစ်သည်။ သပြေညိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော်လက်ဝှေ့သမားများဖြစ်သော ထွန်းထွန်းမင်း၊ နဂါးမာန်၊ သွေးသစ်အောင်၊ စိုးလင်းဦးတို့ နှင့်ယှဉ်ပြိုင်ထိုးသတ်ဖူးသော ဝါရင့်လက်ဝှေ့သမားတစ်ဦးဖြစ်သလို ၂ဝ၁၅ ခုနှစ်တွင် One Championship ပွဲစဉ်များ ကို စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၆) သန်းကျော်ရှိပြီး ရန်ကုန်တိုင်းအတွင်း၌ လူဦးရေ (၉)သန်းရှိ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ