နှစ်ရက်အတွင်း မွေးရာပါနှလုံးရောဂါ လူနာ(၃၀)ကျော်ကို ခွဲစိတ်စရာမလိုသည့် Device Closure နည်းလမ်းဖြင့် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ဟုဆို
စော (NSS) - အောက်တိုဘာ ၁
မန္တလေးပြည်သူ့ဆေးရုံကြီး၌ နှစ်ရက်အတွင်း မွေးရာပါနှလုံးရောဂါလူနာ(၃၄)ဦးအား ခွဲစိတ်စရာမလိုသည့် Device Closure နည်းလမ်းဖြင့် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
Device Closure နည်းလမ်းသည် ပေါင်ခြံသွေးကြောမှတစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့်ပိတ်ခြင်းနည်းလမ်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုသမှုအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Hanoi Medical University မှ နှလုံးအထူးကုဆရာဝန်ကြီး Dr. Nguyen Lan Hieu နှင့် အဖွဲ့သည် မန္တလေးဆေးရုံကြီးသို့ လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီယက်နမ်မှ ဆရာဝန်အဖွဲ့ နှင့် မြန်မာနိုင်ငံမှ ပါမောက္ခဒေါက်တာကျော်စိုးဝင်း၊ ပါမောက္ခ(နှလုံးဆေးကု) ခေါင်းဆောင်သောအဖွဲ့တို့သည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာလ (၂၃)ရက်မှ (၂၄)ရက်တွင် မွေးရာပါနှလုံးရောဂါလူနာများအား Device Closure နည်းလမ်းဖြင့် အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ရက်တာကာလအတွင်း နှလုံးအပေါ်ခန်းတွင် အပေါက်ပါသောလူနာ (၂၁)ဦး၊ နှလုံးအောက်ခန်းတွင် အပေါက်ပါသော လူနာ (၂)ဦး၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းသော လူနာ(၄)ဦးနှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ်သွေးကြောမကြီးဆက်နေသော လူနာ (၇)ဦးတို့ကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗီယက်နမ်-မြန်မာအဖွဲ့များ ပူးပေါင်းကာ Congenital Heart Disease Device Closure အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် နှလုံးအပေါ်ခန်း နှင့် အောက်ခန်းတွင် အပေါက်ပါခြင်း၊ နှလုံးမှအဆုတ်သို့သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းခြင်းစသည့် မွေးရာပါနှလုံးရောဂါလူနာကို လက် တွေ့နှလုံးတီဗွီဓာတ်မှန်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်နီညိုဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံမှာ ငါးနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှု အနည်းဆုံးဖြစ်နေ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ