အမျိုးသားတစ်ဦး အရက်မူး၍ ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု မြင်းခြံမြို့၌ ဖြစ်ပွား
သန့်ဇင်(NSS) - အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြင်းခြံမြို့နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁ ရက်)၊ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် မြင်းခြံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ကန်ဦးရေကန်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြင်တဲ့ကလေးတွေပြောကြတာတော့ သူကအရက်မူးပြီးရေဆင်းကူးတာတဲ့။ အဲဒါနဲ့ ရေနစ်ဆုံးသွားတာပေါ့”ဟု မြင်းခြံမြို့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူသည် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
“သူက အမှတ်(၁၈)ရပ်ကွက်ကပါ။ မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီးရှာတာမှာ ပြန်တွေ့တာပါ။ ကန်ကလဲသိပ်မကြီးဘူးဆိုတော့။ အကြာကြီးလဲမရှာလိုက်ရပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုသားအား မြင်းခြံမြို့နာရေးကူညီမှုအသင်းမှကားဖြင့် မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်လွှတ်တော်က ခွင့်ပြုလိုက်တဲ့ ကာလတိုဘတ်ဂျတ် ရန်ပုံငွေထဲမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့်အစီအစဉ် မပါဝင်
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ