Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NUG အား ကတိသစ္စာပြုပြီး ရောင်နီပျောက်ကျား PDF အဖွဲ့က ထွေအုပ်ဒုဦးစီးမှူးအပါ အဝင် လူ(၇)ဦးကို လည်လှီးသတ်ဖြတ်သော ရုပ်သံဖိုင်ပျံ့နှံ့နေ

မြူနစ် (NSS) - အောက်တိုဘာ ၁

NUG အား ကတိသစ္စာပြုပြီး ရောင်နီပျောက်ကျား PDF အဖွဲ့က ထွေအုပ်ဒုဦးစီးမှူးအပါ အဝင် လူ(၇)ဦးကို လည်လှီးသတ်ဖြတ်သော ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။


လက်နက်နှင့် ဓားများကိုင်ဆောင်ထားသည့် အင်အား(၃၀)ဝန်းကျင်ခန့်ရှိသော ရောင်နီပျောက်ကျား PDF အဖွဲ့သည် တောတွင်းတစ်နေရာရှိ မြေတူးထားသောတွင်းအနီး၌ ထွေအုပ်ဒုဦးစီးမှူးအပါအဝင် (၇)ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ရောင်နီပျောက်ကျား PDF အဖွဲ့မှ ခေါင်းဆောင်ဟုယူဆရသူတစ်ဦးသည် အထက်ပါလူ(၇)ဦးအား ဒလန်၊ ကိုယ်ပိုင်နံပါတ်၊ ရာထူးစသည်တို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ထိုသို့ စစ်ဆေးမေးမြန်းခံရသူ(၇)ဦးထဲ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး တစ်ဦးပါဝင်သည်ကို တွေ့ရှိရပြီး လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒလန်ဟုစွပ်စွဲခံရသူ အရပ်သားတစ်ဦးလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

ထို့နောက် PDF အဖွဲ့ဝင်များသည် ထွေအုပ်ဒုဦးစီးမှူးအပါအဝင် လူ(၇)ဦး၏ လည်ပင်းအား ဓားဖြင့်လှီးကာ “မြေပြန့်ဒေသက ကျဆုံးသွားတဲ့ PDF ရဲဘော်များရဲ့ သွေးကြွေးကလဲ့စား” ဟု (၃)ကြိမ်ကြွေးကြော်၍ သတ်ဖြတ်ခဲ့သည်ကို ရုပ်သံဖိုင်၌ တွေ့ရသည်။

ထို့ပြင် ဓားဖြင့်လည်လှီးသတ်ဖြတ်ခဲ့သော ရုပ်အလောင်း(၇)လောင်းကို တွင်းထဲသို့ ကန်ချပြီးနောက် နစက၏စစ်သားများကို ရောင်နီပျောက်ကျားတော်လှန်ရေးအဖွဲ့(PDF)မှ အမြစ်ပါမကျန်ရှင်းလင်းသွားမည်ဟု ပြည်သူလူထုနှင့် NUG အဖွဲ့အား လက်နက်ကိုင်၍ ကတိသစ္စာပြုပါသည်ဟု ပြောဆိုကြွေးကြော်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါသတ်ဖြတ်မှုဖြစ်စဉ်သည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း ကြားသိရသော် လည်း မည်သည့်မြို့နယ်၊ မည်သည့်နေရာ၊ မည်သည့်အချိန်နှင့် နေ့ရက်တို့တွင် ဖြစ်ပွားခဲ့သည်ကို ဆက်လက်ဖော်ပြပေးနိုင်ရန်အတွက် NSS အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါရောင်နီပျောက်ကျား PDF အဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ် နှင့် ဝက်လက်မြို့နယ်တို့အတွင်း လှုပ်ရှားဆောင်ရွက်မှုများရှိကြောင်း ကြားသိရသည်။

အထက်ပါ ထွေအုပ်ဒုဦးစီးမှူးအပါအဝင် လူ(၇)ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ နစကဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်အာဏာကို တပ်မတော်က ရယူခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များဖြစ်ပွားလျက်ရှိပြီး လူပေါင်း(၆၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ရသည်။

၎င်းကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းသည် အခြားသော တိုင်း၊ ပြည်နယ်များနှင့်နှိုင်းယှဉ်ပါက အကြမ်းဖက်သတ်ဖြတ်မှု အများဆုံးဖြစ်ပွားခဲ့သော တိုင်းတစ်တိုင်းလည်း ဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမျိုးသားတစ်ဦး အရက်မူး၍ ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု မြင်းခြံမြို့၌ ဖြစ်ပွား

RECENT POSTS
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်
26 Sep 2024
BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ
26 Sep 2024
Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာတော့မယ်လို့ လေဒီဂါဂါ ပြော
26 Sep 2024
အမေရိကန်အမျိုးသားတစ်ဦးက အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈) ချောင်းဖြင့်ပစ်မှတ်ကို ထိမှန်အောင်ပစ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်
26 Sep 2024
နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အကြမ်းဖက်သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်မှမထွက်ခွာမီ ဖမ်းဆီးနိုင်ခဲ့
26 Sep 2024
အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့
26 Sep 2024
ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား
24 Sep 2024
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved