အမျိုးသမီးတစ်ဦး အိမ်ရှေ့ရှိသရက်ပင်၌ ကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့၌ ဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၃၀
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် အမျိုးသမီးတစ်ဦး အိမ်ရှေ့သရက်ပင်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၃၀ရက်)၊ နံနက် ၃နာရီခွဲအချိန်တွင် ပြည်မြို့၊ သိန်းမေတ္တာရပ်ကွက်ရှိ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက်စောစောအချိန်မှာဖြစ်တာပေါ့။ သူတို့အိမ်ရှေ့က သရက်ပင်မှာကြိုးဆွဲချသေဆုံးသွားတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကြိုးဆွဲချသေဆုံးသူအမျိုးသမီးသည် အသက်(၄၀)ကျော်ဝန်းကျင်အရွယ်ဖြစ်ပြီး ငွေကြေးပြဿနာကြောင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခြင်းဖြစ်နိုင်ကြောင်း အထက်ပါအသင်းမှ ပြောသည်။
“မိသားစုလဲရှိတယ်။ ကုမ္ပဏီငွေကြေးပြဿနာကြောင့်လို့တော့ သူ့အမျိုးသားပြောနေတာကြားမိတာပါ။ ပြည်မှာက ခုလိုကြိုးဆွဲချ သေဆုံးတာတွေက (၂)လအတွင်းကို (၉)ခုလောက်ထိရှိမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး ယနေ့နေ့လည်ပိုင်းတွင် အေးငြိမ်းရာသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုမာလီယာနိုင်ငံမြို့တော်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ (၁၁)ဦးထက်မနည်း သေဆုံး
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ