ဆိုမာလီယာနိုင်ငံမြို့တော်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ (၁၁)ဦးထက်မနည်း သေဆုံး
ရောင်နီ (NSS) - စက်တင်ဘာ ၃ဝ
ဆိုမာလီယာနိုင်ငံမြို့တော်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အသေခံ ဗုံးခွဲသမားတစ်ဦးရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ (၁၁)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင် သက်သေတွေက ပြောကြားခဲ့ပါတယ်။
ဆိုမာလီယာအလယ်ပိုင်း၊ သမ္မတနန်းတော်အနီး Bar Bulsho Mogadishu လက်ဖက်ရည်ဆိုင်မှာ သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်)က အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆာဒစ်ခ်ဒူဒရှ်က ပြောကြားခဲ့ပါတယ်။
"သေဆုံးသူ အားလုံးက ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း အချိန်ဖြုန်းနေသူတွေသာ ဖြစ်တယ်"လို့ ဒူဒရှ်ကဆိုပါတယ်။ အဆိုပါ လက်ဖက်ရည်ဆိုင်ဟာ ဆိုမာလီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ မကြာခဏ လာရောက်လေ့ရှိရာနေရာလည်း ဖြစ်ပါတယ်။ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်တဲ့ အယ်လ်ရှာဘတ်အဖွဲ့ရဲ့အာရပ်မီဒီယာယူနစ် Shahada News Agency ရဲ့ သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်) ထုတ်ပြန်ချက်အရ သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ SITE Intelligence Group က အဆိုပါ တိုက်ခိုက်မှုဟာ ၎င်းတို့လုပ်ရပ်ဖြစ်တယ်လို့ ကြေညာခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူဦးရေ ၁၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Bar Bulsho လက်ဖက်ရည်ဆိုင်ဟာ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ လူစည်ကားလေ့ရှိပါတယ်။
ဆိုမာလီယာ အလယ်ပိုင်းပြည်နယ်ရဲ့ ဈေးတစ်ခုအနီး အရပ်သား ၅ ဦးကို သေဆုံးစေခဲ့တဲ့ ကားဗုံးခွဲမှုတစ်ခုဖြစ်ပွားပြီး တစ်ရက်အကြာမှာ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
IOC ဟာ ပါရီအိုလံပစ်ပြိုင်ပွဲမှာပါဝင်သူ မွတ်ဆလင် အားကစားသမားတွေအတွက် athletes’ village မှာ ဟီဂျဘ်ဝတ်ဖို့ ခွင့်ပြုမည်
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ