ကော့ကရိတ်မြို့ရှိ လဝကရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
Pearl (NSS) - စက်တင်ဘာ ၂၈
ကော့ကရိတ်မြို့ရှိ ခရိုင်နှင့် မြို့နယ်လဝကရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်၊ ည(၁၁)နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိကျောင်းလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းရှိ ကော့ကရိတ်ခရိုင်နှင့် မြို့နယ် လဝက ရုံးသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသည့် လူသုံးဦး ဝင်ရောက်လာကာ ရုံးအား မီးရှို့ပြီး ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
"ည ၁၁ နာရီလောက်က ဝင်ရှို့သွားတာ ။တစ်ရုံးလုံးကုန်သွားတယ်။ လူထိခိုက်တာတော့ မရှိဘူး" ဟု ကော့ကရိတ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့မီးရှို့ဖျက်ဆီးခံရမှုကြောင့် အလျား ပေ ၉ဝ၊ အနံပေ ၄ဝ ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးထားသည့် တစ်ထပ် အဆောက်အဦး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။
အဆိုပါမီးလောင်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့များမှ လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်ဈေးနှုန်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအတွက် အဓိကစိန်ခေါ်မှုဖြစ်နေဟုဆို
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ