မန္တလေးတိုင်းအတွင်းမှ PDF အဖွဲ့ဝင် (၉)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစက ထုတ်ပြန်
Pearl (NSS) - စက်တင်ဘာ ၂၉
မန္တလေးတိုင်းအတွင်းမှ PDF အဖွဲ့ဝင် (၉)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် အမျိုးသားရှစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့သည် ဥပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက သတင်းများအား စုစည်း တင်ဆက်ခြင်း
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ