ကုလသမဂ္ဂနဲ့ပတ်သက်တဲ့အစည်းဝေးများတက်ရောက်ဖို့ ဗီဇာခွင့်ပြုချက် နှောင့်နှေးခြင်း၊ ငြင်းပယ်ခံရခြင်းများ အတွက် မြန်မာ၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၉
ကုလသမဂ္ဂအဖွဲ့နဲ့ပတ်သက်တဲ့အစည်းအဝေးပွဲများ တက်ရောက်ဖို့ ကိုယ်စားလှယ်များကို ဗီဇာခွင့်ပြုချက် နှောင့်နှေးခြင်း၊ ဗီဇာခွင့်ပြုချက်ပေးဖို့ ငြင်းဆန်ခြင်းတွေဟာ ဖိနှိပ်ချုပ်ခြယ်မှုဖြစ်ကြောင်း မြန်မာ၊ ရုရှားနဲ့ တရုတ်နိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၁ နိုင်ငံက ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ဖို့ ကိုယ်စားလှယ်တွေ၊ ဗီဇာပေးဖို့ ငြင်းဆန်ခံရခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာရုစ့်၊ ဘိုလီးဘီးယား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ နီကာရာဂွါ၊ ဆီးရီးယားနဲ့ Eritrea နိုင်ငံတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ၁၁ နိုင်ငံရဲ့ပူးတွဲထုတ်ပြန်ချက်ထဲမှာ "လုပ်ထုံးလုပ်နည်းများနဲ့အညီ ကုလသမဂ္ဂအစည်းအဝေးကို ပါဝင် တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ တားဆီးခံရတာတွေဟာ နိုင်ငံရေးအရ ဖိအားပေးတာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို တက်ရောက်နေချိန်အတွင်းမှာ လည်း ရုရှားသံတမန်တစ်ဦးဖြစ်တဲ့ Yevgeny Ustinov က ဗီဇာ ခွင့်ပြုပေးဖို့ နှောင့်နှေးခြင်းတွေ၊ ငြင်းပယ်နေခြင်း တွေဟာ အပြန်အလှန်လေးစားမှုတွေ၊ လူအခွင့်အရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေကို ထိခိုက်စေပြီး အဲဒီလုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ကုလမသဂ္ဂအနေနဲ့ လက်အောက်ခံအေဂျင်စီအဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ကိုယ်စားလှယ် တွေ အစည်းအဝေးတက်ရောက်နိုင်အောင် ဗီဇာခွင့်ပြုပေးမှုတွေကို အချိန်မီရဖို့၊ အဖွဲ့ဝင်နိုင်ငံတိုင်း တန်းတူညီမျှ အခွင့်အရေးဖြစ်ဖို့ ကြိုးပမ်းအားထုတ်ရမှာဖြစ်ကြောင်း နိုင်ငံပေါင်း ၁၁ နိုင်ငံရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံဟာ ကုလသမဂ္ဂလူအခွင့်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် အစည်းအဝေးနဲ့ပတ်သက်ပြီး လုပ်ငန်းတွေကို တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ “No More Bets” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်း မပြသဖို့ ကမ္ဘောဒီးယားအစိုးရ တားမြစ်ပိတ်ပင်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ