Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂ္ဂလိဆေးရုံအချို့သည် ဆေးကုသမှုခံယူသော လူနာများထံမှ ဝင်ငွေခွန်(၂)ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံသည့် နည်းလမ်းအမှားကို လုပ်ဆောင်နေ

မျိုးကြီး (NSS) - စက်တင်ဘာ ၂၇

ပုဂ္ဂလိကဆေးရုံအချို့သည် ဆေးကုသမှုခံယူသော လူနာများထံမှ ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ထပ်ဆောင်းကောက်ခံသည့် နည်းလမ်းအမှားကို လုပ်ဆောင်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။


ပုဂ္ဂလိကဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်ကာ ဝင်ငွေခွန် (၂)ရာခိုင်နှုန်းထမ်းဆောင်ရမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ပြီးခဲ့သောလအတွင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

သို့သော် အချို့သောပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန်တာဝန်ရှိသူများအနေဖြင့် ဆရာဝန်ထံပေးချေမည့် ပေးချေငွေအပေါ် ဝင်ငွေခွန်(၂)ရာခိုင်နှုန်း နုတ်ယူရမည့်အစား ဆေးကုသမှုခံယူသူ(လူနာ)ထံမှ ဝင်ငွေခွန်(၂)ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံသည့်နည်းလမ်းအမှားကို ဆောင်ရွက်နေကြောင်းသိရှိရသည်ဟု ဦးစီးဌာနက ပြောသည်။

“(၂) ရာခိုင်နှုန်းက အရမ်းကြီးများတဲ့ ပမာဏမဟုတ်ပါဘူး။ ဒါပေမယ့် အပြင်ဆေးခန်းတွေက အလုပ်ရှုပ်တယ်ထင်ပြီးတော့ လူနာဆီကပဲ ပေါင်းကောက်တာ ဖြစ်နိုင်သလို တစ်ချို့ဆရာဝန်တွေကလည်း စားသောက်ဆိုင်မှာထိုင်တဲ့အခွန်လိုမျိုး နဲ့ မှားပြီးတော့ သုံးစွဲသူဆီကပဲ ယူရမယ်လို့ ထင်တာလည်းဖြစ်နိုင်ပါတယ်။ အဓိကတော့ အခွန်ဆိုင်ရာအသိ နည်းနေတယ်လို့ မြင်တယ်။ အခုလိုကြေညာလိုက်တဲ့နောက်ပိုင်းမှာ ဆရာဝန်တွေကပဲ ပေးမယ်လို့ ယုံကြည်ပါတယ်” ဟု အထူးကု ဆရာဝန်ဒေါက်တာပြည့်ထူး (ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာ)က NSS ကို မှတ်ချက်ပြုပြောကြားသည်။ 

ထို့ကြောင့် ငွေထုတ်ပေးရန်တာဝန်ရှိသူများအနေဖြင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန် (၂)ရာခိုင် နှုန်း ထပ်ဆောင်းကောက်ခံခြင်းအား လုံးဝ(လုံးဝ) ဆောင်ရွက်ခြင်းမပြုလုပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

ထို့ပြင် ဆရာဝန်များ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းသည် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သည့်အတွက် ဆေးကုသမှုခံယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်းရန် မလိုအပ်ကြောင်းလည်း ဆက်လက်အသိပေးထားသည်။

“ကျွန်တော် ထိုင်တဲ့ဆေးခန်းတွေမှာ ဒီလကစပြီးတော့ (၂)ရာခိုင်နှုန်း အခွန်ဖြတ်ခိုင်းထားတယ်။ ကျွန် တော်တို့ level နဲ့က စမ်းသပ်ခ ၇၀၀၀ ရတယ်။ အဲဒီရတဲ့အထဲကပဲ (၂)ရာခိုင်နှုန်းထား ဖြတ်ခိုင်းထားတယ်ပေါ့။ အမှန်က အဲဒီလိုပဲဖြစ်သင့်ပါတယ်။ လူနာတွေဆီကနေ ကောက်လို့မရဘူး။ ဒါက ကုန်သွယ်ခွန်မှမဟုတ်တာ။ ဒါက ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုဖြစ်တယ်။ ရထားတဲ့သူပဲ ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု အထူးကုဆရာဝန်ဒေါက်တာပြည့်ထူးက ပြောသည်။

ပုဂ္ဂလိကဆေးရုံးများထူထောင်ထားသူများအနေဖြင့် မိမိတို့လုပ်ငန်းမှ ငွေထုတ်ပေးရန်တာဝန်ရှိသူများက အခွန်နုတ်ယူပေးသွင်းသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေရေးကြီးကြပ်ပေးရန်လည်း ဦးစီးဌာနက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျန်းမာရေးနယ်ပယ်တွင် အထွေထွေရောဂါကုဆေးခန်း (၅၁၂၄)ခု၊ အထူးကုဆေးခန်း (၁၀၀၂)ခု နှင့် အထွေထွေရောဂါကုဆေးရုံ (၂၇၀)ရုံတိုကို ခွင့်ပြုပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပိုလီယိုရောဂါသည်တစ်ဦး မီးလောင်သေဆုံးမှု မကွေးမြို့နယ်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved