မကွေး၌ လင်မယားချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဇနီးဖြစ်သူအား လည်ပင်းညှစ်သတ်မှုဖြစ်ပွား
စော (NSS) - စက်တင်ဘာ ၂၆
မကွေးတိုင်း၊ မကွေးမြို့တွင် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူကအသက်(၂၁)အရွယ် ဇနီးဖြစ်သူအား လည်ပင်းညှစ်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ် ယမန်နေ့(စက်တင်ဘာလ ၂၅ရက်)၊ မွန်လွဲ ၃နာရီဝန်းကျင်အချိန်တွင် မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ (၆)လမ်းတွင် အထက်ပါကဲ့သိုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“လင်မယားချင်းရန်ဖြစ်စကားများပြီးတော့ ယောကျ်ားက လည်ပင်းညှစ်တာလို့ပဲ အကြမ်း ဖျင်းပဲသိလိုက်ရပါတယ်။ လည်ပင်းကဒဏ်ရာပဲတွေ့တာပါ။ အခြားဒဏ်ရာတော့မတွေ့ခဲ့ဘူး။ ပုံမှန်အတိုင်း အိပ်နေတဲ့ပုံစံနဲ့ပဲ အမျိုးသမီးကို တွေ့ခဲ့ရတာပါ"ဟု ရောင်စုံမေတ္တာလူမှုကူညီအသင်းမှတာဝန်ရှိသူတစ်ဦက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသမီးသည် အသက်(၂၁)အရွယ်ရှိပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသားဖြစ်သူအား မကွေးမြို့ အမှတ် (၂)ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း