Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှားအတွက် ရေနံဈေးကွက်အသစ်ရရှိရန် အထောက်အကူဖြစ်စေခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အစီရင်ခံ

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၈

ဒီဇင်ဘာလမှာ အနောက်နိုင်ငံများက မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများ ပြဋ္ဌာန်းခဲ့ပေမဲ့ ရုရှားနိုင်ငံရဲ့ ရေနံ စိမ်းတင်ပို့မှုဟာ ပြီးခဲ့တဲ့လမှာ အမြင့်ဆုံးသို့ ထိုးတက်လာခဲ့ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ Russia Today က ဖေဖော်ဝါရီလ 17 ရက်က ရေးသားပါတယ်။

နိုင်ငံရဲ့ ရေနံတင်ပို့မှုဟာ ယခင်လနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဇန်နဝါရီလမှာ တစ်ရက်လျှင် စည်(၃)သိန်းတင်ပို့ နေရာမှ ခုန်တက်ပြီး နေ့စဉ် ရေနံစည်ပေါင်း (၈ ဒသမ ၂) သန်းအထိ ရောက်ရှိလာကြောင်း၊ ကုန်ပစ္စည်းတင်ပို့မှုမှာလည်း တည်ငြိမ်နေကြောင်း IEA က အထောက်အထားများ ပြသခဲ့ပါတယ်။

ရေနံထွက်ကုန်ပစ္စည်းများ တင်ပို့မှုဟာ ရုရှားရဲ့ သန့်စင်ပြီး ရေနံအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့ခြင်းမတိုင်မီ တစ်ရက်လျှင် စည်ပေါင်း ၃ ဒသမ ၁ သန်းအတိုင်း အပြောင်းအလဲမရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၅ ရက်မှာ အမြင့်ဆုံးဈေးနှုန်းနဲ့ စတင်လာခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံတို့ဟာ ရုရှားရေနံထွက်ကုန်များအတွက် ဈေးနှုန်းကန့်သတ်ချက် တစ်ရပ်ကို စတင်ခဲ့ပြီး၊ ဒီဇယ်၊ လေယာဉ်ဆီနဲ့ ဓာတ်ဆီအတွက် တစ်စည်လျှင် ကန်ဒေါ်လာ ၁ဝဝ နှုန်းအဖြစ် ကန့်သတ်ခဲ့ပါတယ်။ အခြားရေနံထုတ်ကုန်များအတွက် တစ်စည်လျှင် ၄၅ ဒေါ်လာဖြင့် ရေနံစိမ်းဈေးနှုန်းအောက် ရောင်းဝယ်ဖောက်ကားကြရန် သတ်မှတ်ထားကြပါတယ်။ အဲ့ဒီကန့်သတ်ချက်များထက် ကျော်လွန် ဈေးနှုန်းဖြင့် လောင်ဆီတင်ပို့မှုကို အနောက်နိုင်ငံများရှိ ကုမ္ပဏီများက အာမခံနဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှုများ ရယူခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

အီးယူသို့ ရုရှားလောင်စာဆီ တင်ပို့မှုဟာ ပဋိပက္ခမတိုင်မီ တစ်ရက်လျှင် ၁ ဒသမ ၃ သန်းရှိခဲ့ရာမှ သုံးပုံနှစ်ပုံ ကျဆင်း သွားတယ်လို့ IEA က ခန့်မှန်းပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံထံ ရုရှားရဲ့ ရေနံစိမ်း စီးဆင်းမှုဟာ ဇန်နဝါရီလမှာ တစ်ရက်လျှင် စည် ၃ သိန်း မှ ၂ ဒသမ ၁ သန်းအထိ မြင့်တက်ခဲ့ပြီး တင်ပို့သမျှအနက် အမြင့်ဆုံးအဆင့်မှာ စံချိန်တင်ခဲ့ကြောင်း အေဂျင်စီက ပြောပြပါတယ်။

အလားတူ အနောက်နိုင်ငံများရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ အိန္ဒိယကို ရုရှားနဲ့ ပိုမိုနီးကပ်သွားအောင် တွန်းပို့သလို ဖြစ်ခဲ့ရကြောင်း သံတမန်များက ထောက်ပြကြပါတယ်။ ဈေးနှုန်းသတ်မှတ်မှု ယန္တရားကြောင့် ရုရှားအတွက် သူ့ရဲ့ရေနံတင်ပို့မှုကို လမ်းကြောင်းပြောင်းစေခဲ့ပြီး အိန္ဒိယနဲ့တရုတ်တို့ဟာ ရုရှားရေနံစိမ်းကို ဝယ်သူထိပ်တန်းနိုင်ငံများ ဖြစ်လာစေခဲ့ကြောင်း အေဂျင်စီက ဆိုပါတယ်။

လောလောဆယ်မှာတော့ မော်စကိုဟာ သူ့ရဲ့ ရေနံစိမ်းတင်ပို့မှုကို အာရှထံ အောင်မြင်စွာ လမ်းကြောင်းလွှဲ ပြီး G7 ရဲ့ ရေနံစိမ်းဈေးနှုန်းကန့်သတ်ချက်ဟာ အဲဒီကုန်စည်တွေ စီးဆင်းမှုသွက်လက်အောင်ကူညီပေးနေပုံပေါ်ပါတယ်လို့ IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကြာသေးမီလများအတွင်း ရုရှားရဲ့ရေနံထုတ်လုပ်မှုနဲ့ ဈေးကွက်တင်ပို့မှုမှာ မျှော်လင့်ထားသည်ထက် အ တော်ကြီးပိုမိုကောင်းမွန်ခဲ့ကြောင်း IEA ရေနံလုပ်ငန်းနဲ့ ဈေးကွက်ဌာနခွဲအကြီးအကဲက CNBC သတင်းအေဂျင်စီကို ဗုဒ္ဓဟူးနေ့မှာ မှတ်ချက်ပေးပါတယ်။

ဒီဇင်ဘာလမှာ ပြဋ္ဌာန်းလိုက်တဲ့ ရေနံစိမ်းဈေးနှုန်း ကန့်သတ်ချက်ကြောင့် အရင်က ဥရောပကို သွားခဲ့တဲ့ ရေနံ စိမ်းအများအပြားတို့ဟာ အာရှရဲ့ ဈေးကွက်သစ်တွေထံ စီးဆင်းသွားကြောင်း၊ အဲ့ဒီကုန်သွယ်မှုအတွက် ဥရော ပသမဂ္ဂရဲ့ ပင်လယ်ရေကြောင်း ဝန်ဆောင်မှုများကို အသုံးပြုရာမှာ လမ်းကြောင်းကိုလည်း ပြောင်းလဲစေခဲ့ ကြောင်း၊ ကုန်သွယ်မှုပြန်လည်ခွဲဝေရေး အချို့ကို အဆင်ပြေချောမွေ့အောင် ကူညီပေးရာ ရောက်ရှိခဲ့တယ်လို့ ဆက်လက်ရှင်းပြပါတယ်။

ဥရောပထံ ရုရှားရေနံစိမ်းတင်ပို့မှုမှာ ဇန်နဝါရီလမှာ နေ့စဉ်စည်ပေါင်း (၄)သိန်းအထိ ကျဆင်းမှုကို တစ်စိတ်တစ်ပိုင်း ထေမိစေရန်အတွက် တရုတ်၊ အိန္ဒိယနဲ့ တူရကီတို့က ဝယ်ယူမှုအရှိန်မြှင့်တင်ခဲ့ကြောင်း IEA ထံမှ သိရှိရပါတယ်။ ရုရှားရေနံအချို့ဟာ ဟန်ဂေရီနဲ့ ဘူလ်ဂေးရီးယားနိုင်ငံများထံ သွယ်တန်းထားတဲ့ "ဒရောက်ဇ်ဘာ" ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ တင်ပို့နေဆဲဖြစ်ပြီး အဲဒီနှစ်နိုင်ငံစလုံးဟာ အီးယူရဲ့ ပိတ်ဆို့အရေးယူမှုမှ ကင်းလွတ်ခွင့်ရရှိထားပါတယ်။

(Russia Today., 17 February 2023,” Western sanctions helped Russia find new oil markets – IEA ” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားသည္ ႐ုရွားအတြက္ ေရနံေဈးကြက္အသစ္ရရွိရန္ အေထာက္အကူျဖစ္ေစခဲ့ေၾကာင္း အျပည္ျပည္ဆိုင္ရာ စြမ္းအင္ေအဂ်င္စီ အစီရင္ခံ

Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၈

ဒီဇင္ဘာလမွာ အေနာက္ႏိုင္ငံမ်ားက ေမာ္စကိုအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပ႒ာန္းခဲ့ေပမဲ့ ႐ုရွားႏိုင္ငံရဲ႕ ေရနံ စိမ္းတင္ပို႔မႈဟာ ၿပီးခဲ့တဲ့လမွာ အျမင့္ဆုံးသို႔ ထိုးတက္လာခဲ့ေၾကာင္း ႏိုင္ငံတကာ စြမ္းအင္ေအဂ်င္စီ (IEA) ရဲ႕ ဗုဒၶဟူးေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားတယ္လို႔ Russia Today က ေဖေဖာ္ဝါရီလ 17 ရက္က ေရးသားပါတယ္။

ႏိုင္ငံရဲ႕ ေရနံတင္ပို႔မႈဟာ ယခင္လနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ဇန္နဝါရီလမွာ တစ္ရက္လွ်င္ စည္(၃)သိန္းတင္ပို႔ ေနရာမွ ခုန္တက္ၿပီး ေန႔စဥ္ ေရနံစည္ေပါင္း (၈ ဒသမ ၂) သန္းအထိ ေရာက္ရွိလာေၾကာင္း၊ ကုန္ပစၥည္းတင္ပို႔မႈမွာလည္း တည္ၿငိမ္ေနေၾကာင္း IEA က အေထာက္အထားမ်ား ျပသခဲ့ပါတယ္။

ေရနံထြက္ကုန္ပစၥည္းမ်ား တင္ပို႔မႈဟာ ႐ုရွားရဲ႕ သန႔္စင္ၿပီး ေရနံအေပၚ အေနာက္ႏိုင္ငံမ်ားက ပိတ္ဆို႔ျခင္းမတိုင္မီ တစ္ရက္လွ်င္ စည္ေပါင္း ၃ ဒသမ ၁ သန္းအတိုင္း အေျပာင္းအလဲမရွိခဲ့ေပမဲ့ ေဖေဖာ္ဝါရီလ ၅ ရက္မွာ အျမင့္ဆုံးေစ်းႏႈန္းနဲ႔ စတင္လာခဲ့ပါတယ္။

ဥေရာပသမဂၢနဲ႔ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံတို႔ဟာ ႐ုရွားေရနံထြက္ကုန္မ်ားအတြက္ ေစ်းႏႈန္းကန႔္သတ္ခ်က္ တစ္ရပ္ကို စတင္ခဲ့ၿပီး၊ ဒီဇယ္၊ ေလယာဥ္ဆီနဲ႔ ဓာတ္ဆီအတြက္ တစ္စည္လွ်င္ ကန္ေဒၚလာ ၁ဝဝ ႏႈန္းအျဖစ္ ကန္႔သတ္ခဲ့ပါတယ္။ အျခားေရနံထုတ္ကုန္မ်ားအတြက္ တစ္စည္လွ်င္ ၄၅ ေဒၚလာျဖင့္ ေရနံစိမ္းေစ်းႏႈန္းေအာက္ ေရာင္းဝယ္ေဖာက္ကားၾကရန္ သတ္မွတ္ထားၾကပါတယ္။ အဲ့ဒီကန႔္သတ္ခ်က္မ်ားထက္ ေက်ာ္လြန္ ေဈးႏႈန္းျဖင့္ ေလာင္ဆီတင္ပို႔မႈကို အေနာက္ႏိုင္ငံမ်ားရွိ ကုမၸဏီမ်ားက အာမခံနဲ႔ ပို႔ေဆာင္ေရး ဝန္ေဆာင္မႈမ်ား ရယူျခင္းမျပဳဖို႔ တားျမစ္ထားပါတယ္။

အီးယူသို႔ ႐ုရွားေလာင္စာဆီ တင္ပို႔မႈဟာ ပဋိပကၡမတိုင္မီ တစ္ရက္လွ်င္ ၁ ဒသမ ၃ သန္းရွိခဲ့ရာမွ သုံးပုံႏွစ္ပုံ က်ဆင္း သြားတယ္လို႔ IEA က ခန႔္မွန္းပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံထံ ႐ုရွားရဲ႕ ေရနံစိမ္း စီးဆင္းမႈဟာ ဇန္နဝါရီလမွာ တစ္ရက္လွ်င္ စည္ ၃ သိန္း မွ ၂ ဒသမ ၁ သန္းအထိ ျမင့္တက္ခဲ့ၿပီး တင္ပို႔သမွ်အနက္ အျမင့္ဆုံးအဆင့္မွာ စံခ်ိန္တင္ခဲ့ေၾကာင္း ေအဂ်င္စီက ေျပာျပပါတယ္။

အလားတူ အေနာက္ႏိုင္ငံမ်ားရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈဟာ အိႏၵိယကို ႐ုရွားနဲ႔ ပိုမိုနီးကပ္သြားေအာင္ တြန္းပို႔သလို ျဖစ္ခဲ့ရေၾကာင္း သံတမန္မ်ားက ေထာက္ျပၾကပါတယ္။ ေစ်းႏႈန္းသတ္မွတ္မႈ ယႏၲရားေၾကာင့္ ႐ုရွားအတြက္ သူ႔ရဲ႕ေရနံတင္ပို႔မႈကို လမ္းေၾကာင္းေျပာင္းေစခဲ့ၿပီး အိႏၵိယနဲ႔တ႐ုတ္တို႔ဟာ ႐ုရွားေရနံစိမ္းကို ဝယ္သူထိပ္တန္းႏိုင္ငံမ်ား ျဖစ္လာေစခဲ့ေၾကာင္း ေအဂ်င္စီက ဆိုပါတယ္။

ေလာေလာဆယ္မွာေတာ့ ေမာ္စကိုဟာ သူ႔ရဲ႕ ေရနံစိမ္းတင္ပို႔မႈကို အာရွထံ ေအာင္ျမင္စြာ လမ္းေၾကာင္းလႊဲ ၿပီး G7 ရဲ႕ ေရနံစိမ္းေစ်းႏႈန္းကန႔္သတ္ခ်က္ဟာ အဲဒီကုန္စည္ေတြ စီးဆင္းမႈသြက္လက္ေအာင္ကူညီေပးေနပုံေပၚပါတယ္လို႔ IEA အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

မၾကာေသးမီလမ်ားအတြင္း ႐ုရွားရဲ႕ေရနံထုတ္လုပ္မႈနဲ႔ ေစ်းကြက္တင္ပို႔မႈမွာ ေမွ်ာ္လင့္ထားသည္ထက္ အ ေတာ္ႀကီးပိုမိုေကာင္းမြန္ခဲ့ေၾကာင္း IEA ေရနံလုပ္ငန္းနဲ႔ ေစ်းကြက္ဌာနခြဲအႀကီးအကဲက CNBC သတင္းေအဂ်င္စီကို ဗုဒၶဟူးေန႔မွာ မွတ္ခ်က္ေပးပါတယ္။

ဒီဇင္ဘာလမွာ ျပ႒ာန္းလိုက္တဲ့ ေရနံစိမ္းေဈးႏႈန္း ကန႔္သတ္ခ်က္ေၾကာင့္ အရင္က ဥေရာပကို သြားခဲ့တဲ့ ေရနံ စိမ္းအမ်ားအျပားတို႔ဟာ အာရွရဲ႕ ေစ်းကြက္သစ္ေတြထံ စီးဆင္းသြားေၾကာင္း၊ အဲ့ဒီကုန္သြယ္မႈအတြက္ ဥေရာ ပသမဂၢရဲ႕ ပင္လယ္ေရေၾကာင္း ဝန္ေဆာင္မႈမ်ားကို အသုံးျပဳရာမွာ လမ္းေၾကာင္းကိုလည္း ေျပာင္းလဲေစခဲ့ ေၾကာင္း၊ ကုန္သြယ္မႈျပန္လည္ခြဲေဝေရး အခ်ိဳ႕ကို အဆင္ေျပေခ်ာေမြ႕ေအာင္ ကူညီေပးရာ ေရာက္ရွိခဲ့တယ္လို႔ ဆက္လက္ရွင္းျပပါတယ္။

ဥေရာပထံ ႐ုရွားေရနံစိမ္းတင္ပို႔မႈမွာ ဇန္နဝါရီလမွာ ေန႔စဥ္စည္ေပါင္း (၄)သိန္းအထိ က်ဆင္းမႈကို တစ္စိတ္တစ္ပိုင္း ေထမိေစရန္အတြက္ တ႐ုတ္၊ အိႏၵိယနဲ႔ တူရကီတို႔က ဝယ္ယူမႈအရွိန္ျမႇင့္တင္ခဲ့ေၾကာင္း IEA ထံမွ သိရွိရပါတယ္။ ႐ုရွားေရနံအခ်ိဳ႕ဟာ ဟန္ေဂရီနဲ႔ ဘူလ္ေဂးရီးယားႏိုင္ငံမ်ားထံ သြယ္တန္းထားတဲ့ "ဒေရာက္ဇ္ဘာ" ပိုက္လိုင္းမွတစ္ဆင့္ ဥေရာပသို႔ တင္ပို႔ေနဆဲျဖစ္ၿပီး အဲဒီႏွစ္ႏိုင္ငံစလုံးဟာ အီးယူရဲ႕ ပိတ္ဆို႔အေရးယူမႈမွ ကင္းလြတ္ခြင့္ရရွိထားပါတယ္။

(Russia Today., 17 February 2023,” Western sanctions helped Russia find new oil markets – IEA ” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်မြို့၌ ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved