ကမ္ဘာတဝန်းမှာ အရက်ကြောင့် တစ်မိနစ်ကို လူ ၆ ဦးသေဆုံးကာ တစ်နှစ်ကို ၃ သန်းခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉
ကမ္ဘာတဝန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုများကြောင့် တစ်နှစ်ကို အနည်းဆုံး လူပေါင်း ၃ သန်းခန့် သေဆုံးလျက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ အရက်အလွန်အကျွံသောက်သုံးမှုများကြောင့် ကမ္ဘာတဝန်းမှာ တစ်မိနစ်ကို လူပေါင်း ၆ ဦး သေဆုံးနေကြောင်း သိရပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးပါက အရက်စွဲခြင်း၊ သေကြောင်းကြံစည်ခြင်း၊ အကြမ်းဖက်ခြင်း၊ ယာဉ်မတော်တဆဖြစ်၍ ထိခိုက်ဒဏ်ရာရခြင်း၊ အတက်ရောဂါတွေကို ဖြစ်ပွားစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ ခံတွင်းကင်ဆာဖြစ်ခြင်း၊ ပန်ကရိယ ရောင်ရမ်းခြင်း၊ တီဘီရောဂါ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးတိုး နှင့် နှလုံးရောဂါတို့ ဖြစ်ပွားစေနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အရက်သောက်သုံးခြင်းများကြောင့် တစ်နှစ်ကိုအနည်းဆုံးလူပေါင်း ၅ သိန်းခန့် ကျန်းမာရေးဆိုးရွားမှုတွေ ရှိနေခဲ့ပြီး ကမ္ဘာတဝန်းလုံးမှာဖြစ်နေတဲ့ ရောဂါအားလုံးရဲ့ ၅ ဒသမ ၁ ရာခိုင်နှုန်းက အရက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အရက်ကြောင့် ကမ္ဘာတဝန်းရှိ အသက် ၁၅ နှစ်နဲ့ အသက် ၄၉ နှစ်အရွယ်ကြားရှိသူများကို အရွယ်မတိုင်ခင် သေဆုံး မှုများ၊ မသန်စွမ်းမှုများဖြစ်စေခဲ့ကြောင်း၊ ကမ္ဘာတဝန်းရှိ အသက် ၁၅ နှစ်နဲ့ အသက် ၄၉ နှစ်အရွယ်ကြားရှိ သေဆုံးခဲ့ သူတွေထဲမှာ အရက်ကြောင့် သေဆုံးသူ ၁ဝ ရာခိုင်နှုန်းရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ