ရေဖြူမြို့နယ်တွင် ထွေအုပ်စားရေး နှင့် အရပ်သားတစ်ဦးအား အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၁၆
ရေဖြူမြို့နယ်တွင် ထွေအုပ်စားရေး နှင့် အရပ်သားတစ်ဦးတို့အား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၁၄)ရက်၊ နံနက် (၇)နာရီ (၁၀)မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာတွင် နေထိုင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာစာရေးဖြစ်သူ ဦးသက်မောင်(၃၈)နှစ်သည် အဆိုပါကျေးရွာရှိ “ဒေါ်ရီစိုး” လ္ဘက်ရည်ဆိုင်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (၃)ဦးက ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးသက်မောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သော်လည်း အသက်သေဆုံးခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့နောက် အဆိုပါအကြမ်းဖက်အဖွဲ့သည် ထပ်မံ၍ ရေဖြူမြို့နယ်၊ ခေါင်ပြင်ကျေးရွာတွင် နေထိုင်သော ဦးကြည်စိုး(၅၂)နှစ်၏ နေအိမ်သို့သွားရောက်၍ ဦးကြည်စိုးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် မြန်မာယူ-၂၄ အသင်း တရုတ်နိုင်ငံသို့ စတင်ထွက်ခွါ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း