Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟုမ္မလင်းမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးမှုဖြစ်ပွား

Pearl (NP News) - ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်လူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် ဟုမ္မလင်းမြို့နယ် ၊ လေးအိမ်တန်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် နေထိုင်သော အသက် (၁၄)နှစ်အရွယ် မောင်သောင်းလွင်သည် လေးအိမ်တန်းကျေးရွာအနီး ချင်းတွင်းမြစ်ဘေး၌ နွားကျောင်းနေစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုကြောင့် မောင်သောင်းလွင်တွင် ခြေကျင်းဝတ်နှင့် ရင်ဘတ်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ အဆိုပါနေ့ ည (၁ဝ)နာရီအချိန်ခန့်တွင် ရွှေဘိုမြို့၊ မြို့ရှောင်လမ်းတွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲမှ ဆက်လက်ထုတ်ပြန်ထားသည်။

ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သော ကိုပြည့်ဖြိုးအောင်သည် မင်းရွာကျေး ရွာမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာချိန် မြို့ရှောင်လမ်းအရောက်၌ လမ်း၏တစ်ဖက်ခြမ်းမှ လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန် ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version

ဟုမၼလင္းၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦး ေသဆုံးမႈျဖစ္ပြား

Pearl (NP News) - ေဖေဖာ္ဝါရီ ၁၄

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ဆယ္ေက်ာ္သက္လူငယ္ တစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၁) ရက္၊ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ ဟုမၼလင္းၿမိဳ႕နယ္ ၊ ေလးအိမ္တန္းေက်း႐ြာအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မွာ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအးၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၁၄)ႏွစ္အ႐ြယ္ ေမာင္ေသာင္းလြင္သည္ ေလးအိမ္တန္းေက်း႐ြာအနီး ခ်င္းတြင္းျမစ္ေဘး၌ ႏြားေက်ာင္းေနစဥ္ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေပါက္ကြဲမႈေၾကာင့္ ေမာင္ေသာင္းလြင္တြင္ ေျခက်င္းဝတ္ႏွင့္ ရင္ဘတ္တို႔တြင္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ အဆိုပါေန႔ ည (၁ဝ)နာရီအခ်ိန္ခန႔္တြင္ ေ႐ႊဘိုၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းတြင္ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲမွ ဆက္လက္ထုတ္ျပန္ထားသည္။

ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္တြင္ ေနထိုင္ေသာ ကိုျပည့္ၿဖိဳးေအာင္သည္ မင္း႐ြာေက်း ႐ြာမွ ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ ျပန္လာခ်ိန္ ၿမိဳ႕ေရွာင္လမ္းအေရာက္၌ လမ္း၏တစ္ဖက္ျခမ္းမွ လက္လုပ္မိုင္းေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ၎တြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္ ေ႐ႊဘိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောင်းဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်း Drone များဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်း(၃)ဦး ဒဏ်ရာရရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved