စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဂါဘွန်နိုင်ငံမှာ ၂ နှစ်အတွင်း ရွေးကောက်ပွဲပြန်ကျင်းပမယ်လို့ ဂါဘွန်ဝန်ကြီးချုပ်အသစ် ကတိပြု
ဂျန်ဇက်(NSS) - စက်တင်ဘာ ၁ဝ
ဂါဘွန်စစ်အစိုးရအနေနဲ့ လာမယ့် ၂ နှစ်အတွင်း နိုင်ငံအတွင်းမှာ ရွေးကောက်ပွဲ ထပ်မံကျင်းပပေးသွားမှာဖြစ်ကြောင်း ဂါဘွန်ဝန်ကြီးချုပ်အသစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂါဘွန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာပြီးခဲ့တဲ့ သီတင်းပတ် မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဂါဘွန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ဖြစ်သူ အလီဘွန်ဂို ဆိုသူ ထပ်မံအနိုင်ရခဲ့ပြီးနောက် အာဏာသိမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အလီဘွန်ဂို နဲ့ ၎င်းရဲ့ဖခင်ဖြစ်သူတို့ဟာ ဂါဘွန်နိုင်ငံမှာ သမ္မတအဖြစ် နှစ်ပေါင်း ၅ဝ ကျော်ကြာ အုပ်ချုပ်ခဲ့ကြောင်း သိရပါတယ်။ အလီဘွန်ဂိုဟာ ဂါဘွန်သမ္မတအဖြစ် ၂ဝဝ၉ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့သလို ၎င်းရဲ့ ဖခင်ဖြစ်သူကလည်း ဂါဘွန်နိုင်ငံကို နှစ်ပေါင်း ၄ဝ ကျော်ကြာ အုပ်ချုပ်နေခဲ့ကြောင်း သိရပါတယ်။
ဂါဘွန်ဝန်ကြီးချုပ်အသစ်က "ရွေးကောက်ပွဲကို ၂ နှစ်အတွင်း ကျင်းပသွားဖွယ်ရှိနေပါတယ်။ လာမယ့်ရက်ပိုင်းမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ဖို့အချိန်တွေ ရေးဆွဲသွားမယ်" လို့ ပြောပါတယ်။
ဂါဘွန်စစ်အာဏာသိမ်းမှုကို ဗိုလ်ချုပ်ကြီး Brice Oligui Nguema က ဦးဆောင်ခဲ့ပြီး ၎င်းဟာ ဂါဘွန်ရဲ့အသွင် ကူးပြောင်းရေးအစိုးရအဖွဲ့မှာ သမ္မတအဖြစ် တာဝန်ယူနေကြောင်း သိရပါတယ်။ ဂါဘွန်နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာကို ပြင်သစ် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်ခဲ့ပေမယ့် ပြည်သူတွေကတော့ အာဏာ အပြောင်းအလဲဖြစ်ပွားလာခဲ့ခြင်းကို လက်ခံကြိုဆိုခဲ့ကြောင်း သိရပါတယ်။
ဂါဘွန်ဝန်ကြီးချုပ်အသစ်က "နိုင်ငံအတွင်းမှာ ဒီမိုကရက်တစ်စည်းကမ်းတွေ ပြန်လည်ရရှိအောင် အင်စတီကျူးရှင်း တွေကို လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်။ ဂါဘွန်နိုင်ငံမှာ မိသားစုတစ်စုတည်းက နိုင်ငံအာဏာကို နှစ်ပေါင်း ၅ဝ ကျော်ကြာ ရယူခဲ့တယ်။ ဂါဘွန်နိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်ကြာ မိသားစုတစ်စုတည်းက အုပ်ချုပ်နေတာတွေကို အဆုံးမသတ်နိုင်ခဲ့ဘူး" လို့ ပြောပါတယ်။
ဂါဘွန်စစ်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရာထူးက ဖြုတ်ချကာ ဖမ်းဆီးထားတဲ့ သမ္မတအလီဘွန်ဂိုကို ကျန်းမာရေး အခြေအနေများကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်ရန်နောင်စိုးနဲ့ ထိပ်တန်းအရာရှိအချို့-လုပ်ငန်းရှင်အချို့ ခေါ်စစ်ခံနေရတဲ့ကိစ္စ၊ သန်းခေါင် စာရင်းစစ်ပြီးမှ ရွေးကောက်ပွဲဖြစ်မယ်၊ တော်လှန်ရေးခေါင်းစဉ်အောက်က သန္ဓေမမှန်တဲ့ဖြစ်ရပ်တစ်ခု (၁ဝ-၉-၂ဝ၂၃)
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ