Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလံျတန်ဖိုးရှိ HIMARS အမျိုးအစား ဘက်စုံသုံး ရော့ကဒ်လောင်ချာ နဲ့ ကျည်ဆံများရောင်းချဖို့ ခွင့်ပြုပေးလိုက်ကြောင်း အမေရိကန် စစ်ဌာနချုပ် က ပြောပါတယ်။

ပိုလန်နိုင်ငံဟာ ၎င်းတို့နိုင်ငံရှိ လက်နက်အဟောင်းများကို အိမ်နီးချင်း ယူကရိန်းနိုင်ငံထံ ပေးပို့ကူညီခဲ့တဲ့အတွက် အမေရိကန်ထံကနေ စစ်လက်နက်ပစ္စည်းအသစ်များ ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ထံမှ ပိုလန်နိုင်ငံဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ လက်နက်အရောင်းအဝယ်စာချုပ်ထဲမှာ HIMARS အမျိုးစား ၁၈ လက်၊ အကွာအဝေးမိုင် ၁၈၅ မိုင်အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ (ATACMS) missiles ဒုံးကျည်စနစ် ၄၅ ခု၊ ဘက်စုံသုံး ရော့ကဒ်လောင်ချာစနစ်တစ်ခုဖြစ်တဲ့ (GMLRS) rockets ၁ဝဝဝ ကျော်တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံပေးပို့မယ့် (ATACMS) missiles ဒုံးကျည်စနစ်အစီအစဉ်ထဲမှာ အမေရိကန်ရဲ့ ခွင့်မပြုချက်မရဘဲ ပိုလန်ဟာ အဆိုပါလက်နက်စနစ်များကို တတိယနိုင်ငံထံ လွှဲပြောင်း မပေးရဘူး ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။ ပိုလန်နိုင်ငံဟာ အမေရိကန်နိုင်ငံထံမှ M1A2 တင့်ကားအစီးရေ ၂၅ဝ၊ M1A1 Abrams တင့်ကား ၁၁၆ စီးဝယ်ယူဖို့ ခွင့်ပြုချက်လက်ခံရရှိခဲ့ပြီးနောက် ဒီနှစ်အတွင်း ဘက်စုံသုံးရော့ကဒ် ဒုံးကျည် စနစ်များ ရောင်းချပေးဖို့ ခွင့်ပြုချက် ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံ ဘက်စုံသုံးရော့ကဒ်လောင်ချာ နဲ့ ကျည်ဆံများရောင်းချဖို့ စာချုပ် လက်မှတ် ရေးထိုးခြင်း ဒါမှမဟုတ် စေ့စပ်ဆွေးနွေးမှုများ အခြေအနေများကို အသေးစိတ်ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။ အမေရိကန်စစ်ဌာနချုပ်က စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီဖြစ်တဲ့ Lockheed ဟာ ပိုလန်နိုင်ငံထံ စစ်လက်နက်ပစ္စည်းရောင်းချရာမှာ အဓိက ကုမ္ပဏီအဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။

Zawgyi Version; 



အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ HIMARS အမျိုးအစား ဘက်စုံသုံး ရော့ကဒ်လောင်ချာ နဲ့ ကျည်ဆံများရောင်းချဖို့ ခွင့်ပြုပေးလိုက်ကြောင်း အမေရိကန် စစ်ဌာနချုပ် က ပြောပါတယ်။




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့ရှိ စစ်အုပ်ချုပ်ရေးကြေညာခဲ့သော မြို့နယ်များ၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက အင်အားသုံးဖမ်းဆီးမည်ဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved