Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့ရှိ စစ်အုပ်ချုပ်ရေးကြေညာခဲ့သော မြို့နယ်များ၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက အင်အားသုံးဖမ်းဆီးမည်ဟုဆို

NP News - ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့ရှိ စစ်အုပ်ချုပ်ရေးကြေညာခဲ့သော မြို့နယ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက အင်အားသုံး ဖမ်းဆီးမည်ဖြစ်ကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ထားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် (၁/၂ဝ၂၃)ကို ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဌာနချုပ်၏ နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့နယ်တို့၌ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ နယ်မြေဖြစ်သော ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့နယ်တို့နှင့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်မြို့နယ်တို့တွင်လည်း လုံခြုံ ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်အရ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရရှိဘဲ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်၌ သွားလာခြင်းမပြုရန် အမိန့်ထုတ်ထားသည်။

အလားတူ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရရှိဘဲ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လူ(၅)ဦးနှင့် လူ(၅)ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီး လောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်း မပြုရန်လည်း အမိန့်ထုတ်ထားသည်။

ထို့ပြင် မည်သူမျှ လမ်းများပေါ်တွင် အတားအဆီးများပြုလုပ်ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးဖြင့် ပိတ်ဆို့ခြင်းများ မပြုလုပ်ရန် နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုလုပ်ရန်လည်း အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်အား မလိုက်နာသူများကို လုံခြုံရေးတာဝန်ထမ်းဆောင်သူများမှ အင်အားသုံး ဖမ်းဆီးကာ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အသိပေးထုတ်ပြန်ထား သည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့အတွင်း ပြီးခဲ့သော ကာလများ၌ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ အကြမ်းဖက်သတ်ဖြတ်ခံရမှုဖြစ်စဉ် အများအပြားရှိခဲ့ပြီး နိုင်ငံပိုင်အဆောက်အဦးများစွာမှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

ထို့ပြင် ၎င်းဒေသများအတွင်း၌ တပ်မတော်နှင့် ဒေသခံ PDF၊ လက်နက်ကိုင်အဖွဲ့တို့ကြားတွင်လည်း တိုက်ပွဲများ အပြင်းအထန်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကသည် ပြီးခဲ့သော ဖေဖော်ဝါရီ လ ၂ ရက်တွင် တိုင်းနှင့်ပြည်နယ် (၈)ခုရှိ မြို့နယ်ပေါင်း (၃၇)မြို့နယ်အား စစ်အုပ် ချုပ်ရေး(Martial Law) ကြေညာထားသည်။


zawgyi version

စစ္ကိုင္း၊ မေကြးႏွင့္ ခ်င္းတို႔ရွိ စစ္အုပ္ခ်ဳပ္ေရးေၾကညာခဲ့ေသာ ၿမိဳ႕နယ္မ်ား၌ ညမထြက္ရအမိန႔္ထုတ္ျပန္ခဲ့ၿပီး မလိုက္နာပါက အင္အားသုံးဖမ္းဆီးမည္ဟုဆို

NP News - ေဖေဖာ္ဝါရီ ၈

စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ခ်င္းျပည္နယ္တို႔ရွိ စစ္အုပ္ခ်ဳပ္ေရးေၾကညာခဲ့ေသာ ၿမိဳ႕နယ္မ်ား၌ ညမထြက္ရအမိန႔္ ထုတ္ျပန္လိုက္ၿပီး မလိုက္နာပါက အင္အားသုံး ဖမ္းဆီးမည္ျဖစ္ေၾကာင္း အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္က အမိန႔္ထုတ္ျပန္ထားသည္။

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္က စစ္အုပ္ခ်ဳပ္ေရး(Martial Law)အမိန႔္အမွတ္ (၁/၂ဝ၂၃)ကို ေဖေဖာ္ဝါရီလ ၄ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစစ္ဌာနခ်ဳပ္၏ နယ္ေျမျဖစ္သည့္ စစ္ကိုင္းတိုင္းရွိ အင္းေတာ္၊ ဗန္းေမာက္၊ ေကာလင္း၊ ပင္လည္ဘူး၊ ေျမာင္၊ ဆားလင္းႀကီး၊ ပုလဲ၊ ယင္းမာပင္၊ ခင္ဦး၊ တန႔္ဆည္၊ ေရဦးၿမိဳ႕နယ္တို႔၌ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ထို႔ျပင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၏ နယ္ေျမျဖစ္ေသာ ခ်င္းျပည္နယ္ရွိ တီးတိန္၊ တြန္းဇံ၊ ဖလမ္း၊ ကန္ပက္လက္၊ မတူပီ၊ ထန္တလန္၊ ဟားခါးၿမိဳ႕နယ္တို႔ႏွင့္ မေကြးတိုင္းရွိ ဂန႔္ေဂါ၊ ထီးလင္း၊ ေဆာ၊ ေပါက္၊ ၿမိဳင္ၿမိဳ႕နယ္တို႔တြင္လည္း လုံၿခဳံ ေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္ အမိန႔္ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ဆိုထားသည္။

အဆိုပါစစ္အုပ္ခ်ဳပ္ေရးအမိန႔္အရ မည္သူမဆို အမိန႔္တစ္စုံတစ္ရာမရရွိဘဲ ည ၆ နာရီမွ နံနက္ ၆ နာရီအတြင္း လုံၿခဳံေရးတာဝန္ရွိသူမွအပ လမ္းမ်ားေပၚ၌ သြားလာျခင္းမျပဳရန္ အမိန႔္ထုတ္ထားသည္။

အလားတူ မည္သူမဆို အမိန႔္တစ္စုံတစ္ရာမရရွိဘဲ နံနက္ ၆ နာရီမွ ညေန ၆ နာရီအတြင္း လူ(၅)ဦးႏွင့္ လူ(၅)ဦးထက္ပို၍ျဖစ္ေစ စုေဝးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ေဟာေျပာျခင္း၊ လႈံ႕ေဆာ္ျခင္း၊ တုတ္၊ ဓား၊ လက္နက္ႏွင့္ မီး ေလာင္ေစတတ္ေသာအရာမ်ား ကိုင္ေဆာင္ျခင္း မျပဳရန္လည္း အမိန႔္ထုတ္ထားသည္။

ထို႔ျပင္ မည္သူမွ် လမ္းမ်ားေပၚတြင္ အတားအဆီးမ်ားျပဳလုပ္ပိတ္ဆို႔ျခင္းႏွင့္ လူစု၊ လူေဝးျဖင့္ ပိတ္ဆို႔ျခင္းမ်ား မျပဳလုပ္ရန္ ႏွင့္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသူမ်ားကို မည္သည့္နည္းႏွင့္မွ် ေႏွာင့္ယွက္ျခင္း၊ ဟန႔္တားျခင္းမျပဳလုပ္ရန္လည္း အမိန႔္ထုတ္ျပန္ထားသည္။

အဆိုပါစစ္အုပ္ခ်ဳပ္ေရးအမိန႔္အား မလိုက္နာသူမ်ားကို လုံၿခဳံေရးတာဝန္ထမ္းေဆာင္သူမ်ားမွ အင္အားသုံး ဖမ္းဆီးကာ တည္ဆဲဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူမည္ဟု အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္က အသိေပးထုတ္ျပန္ထား သည္။

စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ခ်င္းျပည္နယ္တို႔အတြင္း ၿပီးခဲ့ေသာ ကာလမ်ား၌ ရဟန္းသံဃာမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား အၾကမ္းဖက္သတ္ျဖတ္ခံရမႈျဖစ္စဥ္ အမ်ားအျပားရွိခဲ့ၿပီး ႏိုင္ငံပိုင္အေဆာက္အဦးမ်ားစြာမွာလည္း ဖ်က္ဆီးျခင္းခံခဲ့ရသည္။

ထို႔ျပင္ ၎ေဒသမ်ားအတြင္း၌ တပ္မေတာ္ႏွင့္ ေဒသခံ PDF၊ လက္နက္ကိုင္အဖြဲ႕တို႔ၾကားတြင္လည္း တိုက္ပြဲမ်ား အျပင္းအထန္းျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားရွိခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကသည္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ လ ၂ ရက္တြင္ တိုင္းႏွင့္ျပည္နယ္ (၈)ခုရွိ ၿမိဳ႕နယ္ေပါင္း (၃၇)ၿမိဳ႕နယ္အား စစ္အုပ္ ခ်ဳပ္ေရး(Martial Law) ေၾကညာထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးဖို့ အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ထပ်မံပြောဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved