Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်က iPhone အသုံးပြုခွင့်ပိတ်လိုက်ပြီးနောက် Apple ကုမ္ပဏီရဲ့ရှယ်ယာများဆက်တိုက်ကျဆင်းနေပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ဟုဆို

ဂျန်ဇက် (NSS) - စက်တင်ဘာ ၉

တရုတ်အစိုးရဟာ iPhone အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီးနောက် iPhone ထုတ်လုပ်တဲ့ ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ရှယ်ယာများ ထပ်မံကျဆင်းလျက်ရှိနေကြောင်းသိရပါတယ်။


Apple ကုမ္ပဏီရဲ့ရှယ်ယာများဟာ ဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော်နီးပါးထိခိုက်ဆုံးရှုံးမှုဖြစ်နေခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ Apple ကုမ္ပဏီရဲ့တတိယမြောက်အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း Apple ကုမ္ပဏီရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းက တရုတ်နိုင်ငံကနေ ရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တရုတ်အစိုးရက အစိုးရအဖွဲ့ဝန်ထမ်းများကို ရုံးများ ဒါမှမဟုတ် အလုပ်လုပ်ရာမှာ iPhone အသုံးပြုခြင်းမလုပ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

တရုတ်အစိုးရရဲ့ အဆိုပါတားမြစ်ပိတ်ပင်မှုဟာ အစိုးရဝန်ထမ်းတွေအပြင် အစိုးရပိုင်ကုမ္ပဏီများ၊ အစိုးရကျောထောက်နောက်ခံပြုထားတဲ့ အေဂျင်စီအားလုံးအပေါ်မှာလည်း အကျုံးဝင်ကြောင်းသိရပါတယ်။ Apple ကုမ္ပဏီဟာ လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ iPhone15 ကို စတင်ထုတ်လုပ်ဖြန့်ချီခါနီးချိန်မှာ တရုတ်အစိုးရက ဝန်ထမ်းတွေကို iPhone အသုံးမပြုဖို့ ရုတ်တရက် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာတွေကလည်း အစိုးရပိုင်ကုမ္ပဏီများမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို စက်တင်ဘာလကုန်ကစတင်ပြီး Apple ကထုတ်လုပ်တဲ့ ပစ္စည်းများအသုံးပြုခြင်းမလုပ်ဖို့ တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ ဝန်ထမ်းတွေကို Apple ထုတ်ကုန်ပစ္စည်းများ အသုံးမပြုဖို့ တားမြစ်တာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိခဲ့သလို Apple ဘက်ကလည်း မှတ်ချက်ပြုခြင်းမျိုးမရှိကြောင်းသိရပါတယ်။

Apple ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ စက်တင်ဘာလ ၈ ရက်မှာ စတင်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၉ရက်မှာလည်းထပ်မံကျဆင်းလျက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Apple ကုမ္ပဏီဟာ ကမ္ဘာ့ရှယ်ယာဈေးကွက်မှာ တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထီလျံတန်ဖိုးရှိကြောင်း သိရပါတယ်။ Apple ကုမ္ပဏီရှယ်ယာကျဆင်းခြင်းအပြင် iPhone ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ချက်စ်ပြားများထုတ်လုပ်တဲ့ Qualcomm က ရှယ်ယာတန်ဖိုး (၇)ရာခိုင်နှုန်း ၊ တောင်ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ SK Hynix ရဲ့ရှယ်ယာဈေးနှုန်းများလည်း (၄)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြာင်း သိရပါတယ်။ 

အမေရိကန် နဲ့ တရုတ်အစိုးရတို့ဟာ နည်းပညာသုံးပစ္စည်းများနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေခဲ့ပြီး အပြန်အလှန်ကန့်သတ်ပိတ်ပင်မှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။ တရုတ်အစိုးရဟာ မကြာသေးမီလည်း semiconductor industry လုပ်ငန်းမှာအဓိကအသုံးပြုရတဲ့ ပစ္စည်းနှစ်မျိုးတင်ပို့ခြင်းကို ကန့်သတ်ခဲ့ဖူးကြောင်းသိရပါတယ်။ တရုတ်ဈေးကွက်အတွင်း Apple ကုမ္ပဏီနဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawe ကုမ္ပဏီဟာ Mate 60 Pro အမျိုးအစား 5G smartphone အသစ်ကိုမကြာခင် ဈေးကွက်အတွင်း မိတ်ဆက်ခါနီးနေချိန်မှာ တရုတ်အစိုးရက နိုင်ငံအတွင်း Apple ကုမ္ပဏီ ထုတ်ပစ္စည်းများကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။ Mate 60 Pro အမျိုးအစား စမတ်ဖုန်းမှာပါဝင်တဲ့ ပစ္စည်းများအားလုံးကို တရုတ်နိုင်ငံမှာထုတ်လုပ်ထားပြီး လှပမှုရှိတဲ့ ဖုန်းအမျိုးအစားဖြစ်ကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

BRICS အဖွဲ့၏ ကိုယ်ပိုင်ငွေကြေးတစ်ခုထုတ်လုပ်မည့် လုပ်ငန်းစဉ်မှာ မလွယ်ကူကြောင်း ရုရှားစီးပွားရေးဌာနအကြီးအကဲပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved