Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်မြင့်လာအောင် ကြိုးစားမည်ဟု အသင်းခေါင်ဆောင် မောင်မောင်လွင်ပြော

ရဲပြည့် (NSS) - စက်တင်ဘာ ၇ 

ပြည်ပထွက်ကစားနေသည့် ကစားသမားများ စုံစုံလင်လင်ပြန်လည်ရောက်ရှိလာမှုနှင့်အတူ မြန်မာအသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်မြင့်လာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းခေါင်ဆောင် မောင်မောင်လွင်က ပြောသည်။


မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်က မြန်မာအသင်းနှင့် နီပေါအသင်းတို့ ကစားမည့် ပွဲစဉ်မတိုင်မီ ယနေ့ (စက်တင်ဘာလ ၇ ရက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကမ္ဘာ့အဆင့် ပြန်မြင့်လာအောင် ကျွန်တော်တို့ကြားထဲမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ပွဲတိုင်းနီးပါးကို ရှုံးတဲ့အခါကြတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကျလာတာပေါ့၊ အခုဆိုရင် ပြည်ပ ကစားသမားတွေလည်း စုံစုံလင်လင်ပြန်လည်ရောက်ရှိလာပြီ။ အနိုင်ရအောင်လည်းပြန်ပြီးတော့ ကြိုးစားမယ်။ ကမ္ဘာ့အဆင့်ပြန်ပြီးတက်လာအောင်လုပ်ပါမယ်"ဟု မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ကပြောသည်။ 

အာဆီယံတွင်လည်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ကျော်တက်ရန်အတွက် အဓိကလိုအပ်ချက်များ ကို အသင်းခေါင်းဆောင် မောင်မောင်လွင်က ထောက်ပြပြောကြားခဲ့သည်။ 

" ကျွန်တော်တို့ ပြည်ပထွက်ကစားတဲ့ ကစားသမားတွေ အကုန်သိပါတယ်။ ဘယ်လောက်အထိကွာ တယ်ဆိုတာကိုပါ။ ထိုင်းမှာဆိုရင် လိဂ်(၁၊၂၊၃)ရှိတယ်။ သူထက်နိမ့်တဲ့အသင်းပွဲစဉ်တွေလည်းရှိတယ်။ အဲဒီမှာဆိုရင် အနိမ့်ဆုံးအသင်းလေးတွေကတောင် အိမ်ကွင်း၊ အဝေးကွင်းရှိပါတယ်။ ဘောလုံးသမားတွေဆိုရင် အဲဒီမှာမရှားဘူး။ ကျွန်တော်တို့ဆီမှာဆိုရင် ဘောလုံးသမားတွေရှားတယ်၊ သူတို့ဆီမှာမရှားဘူး။ သူတို့အဖွဲ့တစ်ခုချင်းစီကလည်း လူတွေကအများကြီးထွက်နေတာ၊ ပြီးတော့ သူတို့ရဲ့ ထောက်ပံ့ပေးတာ‌တွေ အများကြီးကွာတာပေါ့"ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး အသင်းခေါင်းဆောင်မောင်မောင်လွင်က ထိုင်းတွင် အပျော်တမ်းကစားနေသည့် ကစားသမားတစ်ယောက်၏ လစာသည်  မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားတစ်ယောက်၏ လစာထက် ပိုကြောင်းနှင့် အခြားနိုင်ငံများက ဘောလုံးသမားတစ်ယောက်အပေါ် ထောက်ပံ့ပေးခြင်းသည် မြန်မာနှင့် ကွာဟသည့်အတွက် မြန်မာအသင်းသည် အာဆီယံတွင် နိမ့်ကျနေခြင်းဖြစ်ကြောင်း ပြောသည်။

"မြန်မာအသင်းရဲ့ လက်ရှိဖီဖာကမ္ဘာ့အဆင့် ၁၆ဝ က အသင်းရဲ့  အဆင့်အစစ်အမှန် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါကအမှန်တရားဖြစ်နေတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ (၃)နှစ်အတွင်းမှာ (၂)ပွဲပဲနိုင်ခဲ့တာကိုတွေ့ရတယ်။ အဲဒီတော့ မြန်မာအသင်းအနေနဲ့ နိုင်ပွဲရလိုတဲ့ စိတ်ဓာတ်တွေ ပြန်ရဖို့လိုတယ်။ ပြီးတော့ အသင်းတိုးတက်လာဖို့ အသင်းရဲ့ ဝါရင့် ကစားသမားတွေနဲ့ လူငယ်ခြေတက်ကစားသမားတွေနဲ့ပေါင်းစပ်ပြီးတော့ ကစားစေပြီး နိုင်ပွဲ‌တွေပြန်ရခဲ့ရင် နိုင်လိုစိတ်တွေ ပြန်လည်ရရှိမှာပါ။ ကျွန်တော်ကိုင်တွယ်တဲ့ ခြောက်လအတွင်းမှာ မြန်မာအသင်းဟာ တိုးတက်လာပြီးတော့ ပိုကောင်းအောင်ကြိုးစားပါမယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေပါ ပြန်တက် လာအောင် ကြိုးစားပေးပါမယ်”ဟု မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ် ဖစ်ခ်စတန်ဗီနာက ပြောသည်။

မြန်မာလက်ရွေးစင်အသင်းသည် လက်ရှိ၌ ဖီဖာကမ္ဘာ့အဆင့် ၁၆၀ အထိ ကျ‌ဆင်းသွားခဲ့ပြီဖြစ်ပြီး အဆင့်ပြန်လည်မြင့်တက်လာရန်အတွက် ပြိုင်ပွဲတိုင်းကို ရလဒ်ကောင်းအောင် ကစားသွားမှသာ ဖြစ်နိုင် ကြောင်း သိရသည်။

မြန်မာလက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့၏ FIFA International "A" Friendly Matchs ပွဲစဉ်များကို လာမည့် စက်တင်ဘာလ ၈ရက်နှင့် ၁၁ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လားရှိုးမြို့ရှိ ဆောက်လုပ်ဆဲတိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved