အန်တိုနီ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးထားခြင်းမရှိကြောင်း မန်ယူအသင်း ပြော
Pika (NSS) - စက်တင်ဘာ ၇
ချစ်သူဟောင်းဖြစ်သူ Gabriela Cavallin အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သော တောင်ပံကစားသမား အန်တိုနီ၏ လုပ်ရပ်များကို ဖုံးကွယ်ထားပေးသည်ဆိုသောစွပ်စွဲချက်များကို မန်ယူအသင်းတာဝန်ရှိသူများက ငြင်းပယ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်က Manchester မြို့ရှိ Hyatt Regency တွင် အန်တိုနီသည် ၎င်း၏ ချစ်သူဖြစ်သူ Gabriela Cavallin အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကို ဖုံးကွယ်ထားရန် မန်ယူအသင်းက ကြိုးပမ်းခဲ့ ကြောင်း Gabriela Cavallin ရှေ့နေ Daniel Bialski က ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် Gabriela Cavallin ကို တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမည့် ဆေးရုံတွင် ကုသမှုများ လုပ်ဆောင်ပေးရမည့်အစား အသင်းပုဂ္ဂလိကဆရာဝန်တစ်ဦးကိုခေါ်ယူကာ ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
မန်ယူအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦး က "အန်တိုနီရဲ့ Gabriela Cavallin အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန် မှုတွေကို မန်ယူအသင်းက ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မှားယွင်းတဲ့ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် Hyatt Regency ဟိုတယ်တွင် Gabriela Cavallin ကို ကုသပေးသော ဆရာဝန်သည်လည်း အသင်း၏ ဆရာဝန် မဟုတ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူများက ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျန်းမာရေးမကောင်းသည့် ဂါဘွန်သမ္မတကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ဟု ဂါဘွန်စစ်အစိုးရ ပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ