ချဲလ်ဆီးအသင်းအနေဖြင့် ကိုင်ဆီဒိုအတွက် ပေါင်သန်း(၁ဝဝ)ကျော်ဖြင့် ခေါ်ယူမှုကို ချဲလ်ဆီးကစားသမားဟောင်း ဝေဖန်
Pika (NSS) - စက်တင်ဘာ ၃
ချဲလ်ဆီးအသင်းသည် နောက်ခံလူကိုင်ဆီဒိုကို ခေါ်ယူမှုအတွက် ပေါင်(၁၁၅)သန်းပေးချေခဲ့ရမှု အစား Fiorentina အသင်းမှ မန်ယူအသင်းသို့ အငှားချပေးထားသော ကွင်းလယ်လူ Sofyan Amrabat ကို ခေါ်ယူခဲ့သင့်သည်ဟု ခံစားမိကြောင်း ချဲလ်ဆီးအသင်းကြယ်ပွင့်ကစားသမားဟောင်း ဖရန့်လီဘော့ဖ်က ဝေဖန်ပြောဆိုခဲ့သည်။
ဖရန့်လီဘော့ဖ်သည် ချဲလ်ဆီးအသင်းတွင် နောက်တန်းကစားသမားအဖြစ် ၁၉၉၆ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ ခြောက်နှစ်ကြာ ကစားခဲ့ဖူးကြောင်း သိရသည်။ Sofyan Amrabat သည် ချဲလ်ဆီးအသင်းကွင်းလယ်တွင် ဖာနန်ဒက်ဇ် နှင့် တွဲဖက်ကစားရန် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး သင့်လျော်သော ဈေးနှုန်းဖြင့်လည်းရရှိနိုင် ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် Sofyan Amrabat အတွက် အငှားခေါ်ယူကြေးအဖြစ် ယူရို(၁၀)သန်း ပေးချေနေရပြီး လာမည့် နွေရာသီတွင် အပြီးသတ်ခေါ်ယူရန်အတွက် ယူရို(၂၅)သန်းသာ ပေးချေရမည့် အခွင့်အရေးရှိနေကြောင်းလည်း သိရသည်။
ဖရန့်လီဘော့ဖ် က "မန်ယူအသင်းမှာ ဒီလိုကောင်းတဲ့ကစားသမားတွေကို တွေ့ရတဲ့အခါတိုင်း ချဲလ်ဆီးအသင်းကို လည်း ဒီလိုအတွေ့အကြုံများတဲ့ ကစားသမားတွေကိုရှာဖို့ ကျွန်တော်ပြောလေ့ရှိပါတယ်။ Sofyan Amrabatဟာ ဖာနန်ဒက်ဇ် နဲ့ တွဲကစားဖို့အတွက် ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။ သူတို့ ကိုင်ဆီဒိုကို ရခဲ့တယ်ဆို ပေမယ့် ပေါင်သန်း(၁ဝဝ)ကျော် ပေးခဲ့ရတယ်။ Sofyan Amrabat ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် ပေါင်သန်း (၃ဝ) လောက်ပဲကုန်မှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ