ရွေးကောက်ပွဲကတိကိုအကောင်ထည်ဖော်နိုင်ဖို့အတွက် ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦး ပါတီကနေ ရုတ်တရက်နုတ်ထွက်
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
ထိုင်း အာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Cholnan Srikaew ဟာ ရွေး ကောက်ပွဲကတိကို တာဝန်ယူနိုင်ဖို့အတွက် ပါတီခေါင်းဆောင်တာဝန်ကနေ သြဂုတ်လ ၃၀ ရက်မှာ ရုတ်တရက် နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
Cholnan Srikaew ကဖြူထိုင်းပါတီအနေနဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ စစ်ခေါင်းဆောင်တွေ ပါဝင်နေတဲ့ညီညွတ်သောထိုင်းအမျိုးသားပါတီ၊ ပလန်ပရာချက်ပါတီတို့ နဲ့ မဟာမိတ်ဖွဲ့ခဲ့မယ်ဆိုရင် ဖြူထိုင်းပါတီက နုတ်ထွက်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်ကပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဖြူထိုင်းပါတီဟာ အဆိုပါ ပါတီတွေနဲ့မဟာမိတ်ဖွဲ့စည်းခဲ့တဲ့အတွက် Cholnan Srikaew ဟာ ရွေးကောက်ပွဲကတိကို အကောင်ထည်ဖော်ဖို့ ပါတီခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
Cholnan Srikaew ဟာ ဖြူထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ယာယီပါတီခေါင်းဆောင်အဖြစ် တာဝန်ယူနေကြောင်းသိရပါတယ်။ ၎င်းက ဖြူထိုင်းပါတီဟာ ပါတီပေါင်း ၁၁ ပါတီ ပူးပေါင်းပါဝင်မယ့် ညွန့်ပေါင်းမဟာမိတ်အစိုးရဖွဲ့စည်းပြီးချိန်ကတည်းက ပါတီက နုတ်ထွက်ဖို့ အချိန်ရောက်ရှိလာခဲ့ကြောင်း ပြောပါတယ်။ ပါတီခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်ခဲ့မှုအပေါ် နောင်တမရကြောင်း၊ ၎င်းဟာ ၂၀၁၁ ခုနှစ်အောက်တိုဘာလမှာ ပါတီခေါင်းဆောင်တစ်ဦးအဖြစ်ရွေးချယ်ခန့်အပ်ခံရပြီးနောက်ပိုင်းကတည်းက ပါတီတာဝန်တွေကိုအကောင်းဆုံးလုပ်ကိုင်ခဲ့ကြောင်း Cholnan Srikaew ကပြောပါတယ်။
၎င်းဟာ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်လိုက်ပေမယ့် ထိုင်းအစိုးရအဖွဲ့အသစ်မှာပါဝင်မယ့် ဝန်ကြီးနေရာနဲ့ သက်ဆိုင်မှုမရှိကြောင်း Cholnan Srikaew က ထပ်မံပြောဆိုထားပါတယ်။ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညွန့်ပေါင်းပါတီ ၁၁ ပါတီဟာ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းရေးအတွက် စိန်ခေါ်မှုများဖြစ်နေကြောင်း၊ ဒါပေမယ့် ပါတီတွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်နေကြောင်း ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Phumtham Wechayachai ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေထွက်ပစ္စည်းများ ဘေးကင်းမှုရှိကြောင်း သက်သေပြဖို့ ပင်လယ်စာတွေကို ဂျပန်ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေကိုယ်တိုင် စားသုံးပြ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ