Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေထွက်ပစ္စည်းများ ဘေးကင်းမှုရှိကြောင်း သက်သေပြဖို့ ပင်လယ်စာတွေကို ဂျပန်ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေကိုယ်တိုင် စားသုံးပြ

ဂျန်ဇက် (NSS) - ဩဂုတ် ၃၁

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါဟာ ဓါတ်ပေါင်းဖိုကရေဒီယိုသတ္တိကြွရေဆိုးတွေ စွန့်ပစ်မှုကြောင့် ရေထွက် ပစ္စည်းများ ဘေးအန္တရာယ်မရှိဘဲ ဘေးကင်းမှုရှိကြောင်း သက်သေပြနိုင်ဖို့ရေဆိုးတွေ စွန့်ပစ်ထားတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေထွက်ပစ္စည်းများကို လက်တွေ့စားသုံးပြခဲ့ကြောင်း သိရပါတယ်။


ဂျပန်နိုင်ငံဟာ ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖိုကထွက်ရှိတဲ့  ရေဒီယိုသတ္တိကြွရေဆိုးတွေကို ပစိဖိတ်သမုဒ္ဒရာကို စွန့်ပစ်ခဲ့ရာတရုတ်နိုင်ငံက ဝေဖန်ပြစ်တင်ခဲ့ပြီး ရေဆိုးများစွန့်ပစ်မှုကြောင့် ရေထွက် ပစ္စည်းများ ဘေးအန္တရာယ်ဖြစ်လာနိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံက တင်သွင်းတဲ့ ရေထွက်ပစ္စည်းများ ဝယ်ယူနေခြင်းတွေကိုလည်း ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။

ဂျပန်ဝန်ကြီးချုပ် နဲ့ အခြားဝန်ကြီးသုံးဦးဟာ သြဂုတ်လ ၃၀ ရက်က ဖူကူရှီးမား ကမ်းရိုးတန်း အလွန်က ဖမ်းမိထားတဲ့ ပင်လယ်စာများ၊ ရေဘဝဲ အပါအဝင်ရေထွက်ပစ္စည်းများကို နေလည်စာအဖြစ် စားသုံးပြခဲ့ကြောင်း ဂျပန်မီဒီယာတွေကဖော်ပြထားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက " စား‌သောက်ရတာအလွန် ကောင်းပါတယ်။ ဘေးကင်းမှုရှိပြီး အရသာလည်းရှိပါတယ်"လို့ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖိုက ထွက်ရှိတဲ့ရေဆိုးတွေကို သမုဒ္ဒရာထဲကို စွန့်ပစ်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နိုင်ငံတို့နဲ့ တင်းမာမှုတွေရှိနေခဲ့ကြောင်းသိရပါတယ်။ တရုတ်အစိုးရက ဂျပန်နိုင်ငံအနေနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်နေတဲ့ ရေဆိုးတွေ စွန့်ပစ်ခြင်းနဲ့ပတ်သက်ပြီး သမုဒ္ဒရာထဲရှိရေများဘေးကင်းမှုရှိကြောင်း သက်သေပြဖို့ ပျက်ကွက်နေကြောင်း မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။

ဒါ့ပြင်တရုတ်အစိုးရက ဂျပန်နိုင်ငံအနေနဲ့ ရေဒီယိုသတ္တိကြွရေဆိုးတွေ ပါဝင်နေတဲ့ ရေတွေ ဘေးကင်းမှုရှိမယ်ဆိုရင်တောင် ပြည်တွင်းအတွက်သာအသုံးပြုသင့်ကြောင်း ပြောဆိုထားပါတယ်။ ဖူကူရှီးမားနျူက လီးယားဓါတ်ပေါင်းဖို စက်ရုံကနေထွက်ရှိတဲ့ ရေဆိုးတွေကို ပစိဖိတ်သမုဒ္ဒရာထဲကို ဂျပန်နိုင်ငံက စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအပြင် ဟောင်ကောင်၊ မာကာအိုတို့ဟာ ဂျပန်နိုင်ငံကရေထွက်ပစ္စည်းများတင်သွင်းနေခြင်းကို ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။ ဒါ့ပြင်တောင်ကိုရီးယားနိုင်ငံကလည်း ဂျပန်နိုင်ငံက ရေထွက်ပစ္စည်းများ၊ ပင်လယ်စာများတင်သွင်းနေခြင်းကို ကန့်သတ်ခဲ့ကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟင်္သာတမြို့နယ်ရှိ ဒေသခံ(၁၀၀၀)ကျော် ကမ်းပြိုမှုနှင့်သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေရပြီး အမိုးအကာနှင့် အဝတ်အထည်များ ဦးစားပေးလိုအပ်နေ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved