Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားကို တုံ့ပြန်နိုင်ရန် စွမ်းရည်မြင့်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် တောင်ကိုရီးယားအစိုးရစီစဥ်

Pika ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂

တောင်ကိုရီးယားနိုင်ငံသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် စွမ်းရည်မြင့် ပဲ့ထိန်းဒုံးကျည်အသစ်ကို စမ်းသပ်ရန် စီစဥ်နေကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Hyunmoo-5 အမည်ရှိ ပဲ့ထိန်းဒုံးကျည်အသစ်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် နှင့် ဒုံးကျည် အစီအစဥ်များကို ဟန့်တားရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်၊၊ ပဲ့ထိန်းဒုံးကျည်အသစ်ကို ဖေဖော်ဝါရီ (၃)ရက်တွင် ဆိုးလ်မြို့ အနောက်တောင်ဖက် ကီလိုမီတာ(၁၅ဝ) ခန့်အကွာတွင် စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း အရင်းအမြစ်တစ်ခုကို ကိုးကားပြီး  Yonhap သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။ ယင်းပဲ့ထိန်းဒုံးကျည်အသစ်သည် ကီလိုမီတာ(၃၃ဝဝ) အကွာအဝေးအထိ ရောက်ရှိနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

သို့သော်လည်း ပဲ့ထိန်းဒုံးကျည်အသစ်ရောက်ရှိနိုင်သော အကွာအဝေးကို တောင်ကိုရီးယားစစ်တပ် က ထုတ်ဖော် ပြောကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်၊၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Lee Jong-sup နှင့် လုံခြုံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားနိုင်ငံကို စိန်ခေါ်ခြင်းသည် အမေရိကန်နိုင်ငံကို စိန်ခေါ်ခြင်းဖြစ်ကြောင်း အမေရိကန်သည် တောင်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်မှုမှန်သမျှမှ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် တောင်ကိုရီးယားနိုင်ငံသို့ တတိယအကြိမ်မြောက် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရောက်ရှိနေသည့်အချိန်တွင် မြောက်ကိုရီးယားနိုင်ငံဖက်က ဒေသတွင်းမတည်ငြိမ်မှုများ မြင့်တက်စေနိုင်သော အပြုအမူများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သည်။ လွိုက်အော်စတင် က "ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံကို စိန်ခေါ်ခြင်းက မဟာမိတ်အဖွဲ့ တစ်ခုလုံးကို စိန်ခေါ်နေတာပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

၂ဝ၂၂ ခုနှစ်အတွင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အများအပြားကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Zawgyi Version; 

ေျမာက္ကိုရီးယားကို တုံ႔ျပန္ႏိုင္ရန္  စြမ္းရည္ျမင့္ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္ရန္ ေတာင္ကိုရီးယားအစိုးရစီစဥ္

Pika ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂

ေတာင္ကိုရီးယားႏိုင္ငံသည္ ယခုသီတင္းပတ္ေႏွာင္းပိုင္းတြင္ စြမ္းရည္ျမင့္ ပဲ့ထိန္းဒုံးက်ည္အသစ္ကို စမ္းသပ္ရန္ စီစဥ္ေနေၾကာင္း Yonhap သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

Hyunmoo-5 အမည္ရွိ ပဲ့ထိန္းဒုံးက်ည္အသစ္သည္ ေျမာက္ကိုရီးယား၏ န်ဴကလီးယားလက္နက္ ႏွင့္ ဒုံးက်ည္ အစီအစဥ္မ်ားကို ဟန႔္တားရန္ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း သိရသည္၊၊ ပဲ့ထိန္းဒုံးက်ည္အသစ္ကို ေဖေဖာ္ဝါရီ (၃)ရက္တြင္ ဆိုးလ္ၿမိဳ႕ အေနာက္ေတာင္ဖက္ ကီလိုမီတာ(၁၅ဝ) ခန႔္အကြာတြင္ စမ္းသပ္ပစ္ခတ္မႈမ်ား လုပ္ေဆာင္ မည္ျဖစ္ေၾကာင္း အရင္းအျမစ္တစ္ခုကို ကိုးကားၿပီး  Yonhap သတင္းေအဂ်င္စီ က ေဖာ္ျပခဲ့သည္။ ယင္းပဲ့ထိန္းဒုံးက်ည္အသစ္သည္ ကီလိုမီတာ(၃၃ဝဝ) အကြာအေဝးအထိ ေရာက္ရွိႏိုင္ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။

သို႔ေသာ္လည္း ပဲ့ထိန္းဒုံးက်ည္အသစ္ေရာက္ရွိႏိုင္ေသာ အကြာအေဝးကို ေတာင္ကိုရီးယားစစ္တပ္ က ထုတ္ေဖာ္ ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္၊၊ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္သည္ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး Lee Jong-sup ႏွင့္ လုံၿခဳံေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္အတြက္ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕သို႔ လာေရာက္ခဲ့ေၾကာင္း သိရသည္။

ယင္းေဆြးေႏြးပြဲအတြင္း ေတာင္ကိုရီးယားႏိုင္ငံကို စိန္ေခၚျခင္းသည္ အေမရိကန္ႏိုင္ငံကို စိန္ေခၚျခင္းျဖစ္ေၾကာင္း အေမရိကန္သည္ ေတာင္ကိုရီးယားႏိုင္ငံကို ၿခိမ္းေျခာက္မႈမွန္သမွ်မွ ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း လြိဳက္ေအာ္စတင္က ေျပာၾကားခဲ့သည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္သည္ ေတာင္ကိုရီးယားႏိုင္ငံသို႔ တတိယအႀကိမ္ေျမာက္ ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေရာက္ရွိေနသည့္အခ်ိန္တြင္ ေျမာက္ကိုရီးယားႏိုင္ငံဖက္က ေဒသတြင္းမတည္ၿငိမ္မႈမ်ား ျမင့္တက္ေစႏိုင္ေသာ အျပဳအမူမ်ားကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးက စြပ္စြဲေျပာဆိုခဲ့သည္။ လြိဳက္ေအာ္စတင္ က "ကြၽန္ေတာ္တို႔ မဟာမိတ္ႏိုင္ငံေတြထဲက တစ္ႏိုင္ငံကို စိန္ေခၚျခင္းက မဟာမိတ္အဖြဲ႕ တစ္ခုလုံးကို စိန္ေခၚေနတာပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

၂ဝ၂၂ ခုႏွစ္အတြင္း ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ ေျမာက္ကိုရီးယားသည္ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ား အပါအဝင္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈ အမ်ားအျပားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံအတွင်းကို တရုတ်နိုင်ငံ စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ပျံသန်း

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved