အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းရန် ဖောင်ဒေးရှင်းချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၃ဝ
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဖောင်ဒေးရှင်းချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသော (၉)လအတွင်း၌ မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် တိတ်ဆိတ်သော ချဉ်းကပ်မှုမျိုးပုံစံဖြင့် လုပ်ဆောင်ခဲ့ရာ နစက၊ NUG အပါအဝင် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများ နှင့်အကြိမ်ပေါင်း ၁၄၅ ကြိမ်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
၎င်းက " မြန်မာနိုင်ငံရေးအခက်အခဲက တစ်နှစ်နီးပါးလောက်နဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး၊အနည်းဆုံးတော့ ၂၀၂၃ ခုနှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းနိုင်အောင် ဖောင်ဒေးရှင်းတော့လုပ်ဆောင်နိုင်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံက ဆက်လက်လုပ်ကိုင်သွားဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးနိုင်အောင် တံတားထိုးပေးနိုင်ဖို့ကြိုးပမ်းတာတွေက လွယ်ကူမှုမရှိခဲ့ပါဘူး၊ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာတွေကို ရပ်တန့်ရမှာ အလွန်ကံမကောင်းသလိုမျိုးဖြစ်ခဲ့တယ်"ဟုပြောသည်။
အင်ဒိုနီးရှားသည် လာမည့်ရက်ပိုင်းတွင် အာဆီယံထိပ်သီးအစည်းအဝေးကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ နိုင်ငံပေါင်း ၂၂နိုင်ငံ နှင့် အဖွဲ့စည်းပေါင်း ၉ခုတက်ရောက်ဖွယ်ရှိနေသော်လည်း နစက တာဝန်ရှိသူများတက်ရောက်ရန်အလားလာနည်းကြောင်းသိရသည်။ နစကခေါင်းဆောင်နှင့် အာဆီယံခေါင်းဆောင်များကြားရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်မှုတိုးတက်မှုမရှိသေးချိန်အထိ နစက ခေါင်းဆောင်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့် ပေးမည်မဟုတ်ကြောင်း ဆုံးဖြတ်ထားရာ နစက ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တီဘီရောဂါသည် မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်ကြောင်း နစကဝန်ကြီးဆို
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ