မန်ယူအသင်းက မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းထံ အငှားစာချုပ်ဖြင့် ချထားပေးဖို့ ငြင်းဆန်ပယ်ချခဲ့
Pika (NSS) - သြဂုတ် ၂၉
မန်ယူအသင်းသည် နောက်တန်းကစားသမား မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းထံ အငှားစာချုပ်ဖြင့် ချထားပေးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် နောက်ထပ်ကစားနှစ်ဦးကို ခေါ်ယူနိုင်ရန်အတွက် လိုအပ်သောငွေကြေးရရှိရန် မက်ဂွိုင်းယားကို ရောင်းချလိုနေခြင်းကြောင့် အငှားစာချုပ်ဖြင့် ချပေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အသင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။ ဝက်စ်ဟမ်းအသင်းသည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် မက်ဂွိုင်းယားကို ခေါ်ယူ နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း မန်ယူအသင်းသည် ဘယ်နောက်ခံလူ နှင့် ကွင်းလယ်ကစားသမားအသစ်တို့ကို ခေါ်ယူနိုင်ရန် အတွက် မက်ဂွိုင်းယားကို အငှားစာချုပ်ဖြင့် စေလွှတ်ရမည့်အစား အပြီးသတ်စာချုပ်မျိုးဖြင့်သာရောင်းချရန် စိတ်အားထက်သန်နေခဲ့ကြကြောင်း Daily Mail က ဖော်ပြခဲ့သည်။
မန်ယူနောက်တန်းကစားသမား လုခ်ရှောသည် ကြွက်သာားဒဏ်ရာကြောင့် နှစ်လခန့် အနားယူရနိုင်ဖွယ်ရှိနေပြီး မန်ယူအသင်းသည် ချဲလ်ဆီးအသင်းနောက်တန်းကစားသမား Marc Cucurella ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
မန်ယူနည်းပြတန်ဟက်သည် အသင်းကွင်းလယ်ကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်လိုနေပြီး Fiorentina အသင်းကွင်းလယ်ကစားသမား Sofyan Amrabat ကို ခေါ်ယူနိုင်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။ ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား Ryan Gravenberch သည် မန်ယူ အသင်း၏ နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် မက်ဂွိုင်းယားကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း နှောင့်နှေး မှုများရှိနေခြင်းကြောင့် စိတ်ပျက်ငြီးငွေ့နေပြီး မက်ဂွိုင်းယားသည် လာမည့်ဇန်နဝါရီလမတိုင်ခင်အချိန်အထိ မန်ယူ အသင်းတွင် ဆက်ရှိနေနိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာမြိုင်တောရကျောင်းသို့ PDF များက ကုန်တင်ကား(၂)စီးဖြင့် လာရောက်ကာ ဆွမ်းဆန် နှင့် စားနပ် ရိက္ခာများကိုလုယက်ခဲ့ဟု နစကပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း