Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်မှာ (၂)နာရီလျှင် ကလေးတစ်ယောက်နှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရဟု NGO ဆို

ရောင်နီ (NSS) - ဩဂုတ် ၂၆

           ပါကစ္စတန်မှာ ၂၀၂၃ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်နာရီလျှင် ကလေးတစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံနေရတယ်လို့ NGO အဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

         

ကြာသပတေးနေ့ (သြဂုတ်လ ၂၄ ရက်)က ထုတ်ပြန်တဲ့ ၎င်းရဲ့နှစ်ဝက်အစီရင်ခံစာမှာ အစ္စလာမ်မာဘတ် အခြေစိုက် NGO Sahil က ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော် ကားမှု စုစုပေါင်း (၂၂၂၇)မှုထိ တိုင်ကြားချက်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မှတ် တမ်းတင်ထားတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေမှာ မိန်းကလေး (၁၂၀၇)ဦး နဲ့ ယောက်ျားလေး (၁၀၂၀)ဦးထိရှိကြောင်း ၎င်းက ဆိုပါတယ်။ Sahil  အမျိုးသား ဥပဒေရေးရာ အထောက် အကူပေးရေး ညှိနှိုင်းရေးမှူး အင်တက်ဇ်အာမက်ဆွန်းရက်ဟ်က ညှင်းပန်းနှိပ်စက်မှု အများစုဟာ ၆ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီအထဲမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ နှိုင်းယှဉ်ရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ပိုများတယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ၎င်းတို့မှတ်တမ်းတင်ခဲ့တဲ့ အမှုပေါင်း ၂၂၀၀ ကျော်အနက် ၉၁၂ မှုမှာ ပြစ်မှုကျူးလွန်သူတွေဟာ အဆိုပါ ကလေးတွေနဲ့ သိကျွမ်းသူတွေ ဖြစ်တယ်လို့ Sahil က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Sahil ရဲ့ အစီရင်ခံစာမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု  ၇၅ ရာခိုင်နှုန်းနီးပါးဟာ နိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ် ပန်ဂျက်မှဖြစ်ပြီး တောင်ပိုင်း ဆိုက်ဒ်ပြည်နယ်မှာ အမှုပေါင်း ၃၁၄ မှု၊ နိုင်ငံတော်မြို့တော် အစ္စလာမာဘတ်ရဲ့ ဖက်ဒရယ်နယ်မြေမှာ ၁၆၁ မှုထိ ရှိခဲ့တယ်လို့ ဖော်ကြနေပါတယ်။  ဒီစာရင်းတွေဟာ တိုက်ကြားချက်ကြောင့် ရရှိလာတဲ့စာရင်းတွေဖြစ်လို့ တိုင်ချက်မဖွင့်ရသေးတဲ့ အမှုတွေလည်း များစွာရှိနိုင်တယ်လို့ ၎င်းတို့က ဆိုပါတယ်။ 

        နိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင် အားနည်းခြင်းကြောင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ကိစ္စတွေမှာ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ သြဂုတ်လ ၂၆ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း

RELATED POSTS
RECENT POSTS
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved