Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပစိဖိတ်သမုဒ္ဒရာထဲကို ရေဒီယိုသတ္တိကြွပါရှိနေတဲ့ ရေဆိုးများစွန့်ပစ်တဲ့ ဂျပန်အစိုးရဲ့လုပ်ရပ်ကို တရုတ်နိုင်ငံအပြင် မြောက်ကိုရီးယားအစိုးရလည်း ဝေဖန်ပြစ်တင်

ဂျန်ဇက် (NSS) - သြဂုတ် ၂၅

ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံကထွက်ရှိတဲ့ ရေဒီယိုဓါတ်သတ္တိကြွရေဆိုးတွေကို ပစီဖိတ်သမုဒ္ဒရာ အတွင်း စွန့်ပစ်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ ဂျပန်အစိုးရကို မြောက်ကိုရီးယားအစိုးရက တိုက်တွန်းတောင်းဆို လိုက်ကြောင်း သိရပါတယ်။

ဂျပန်အစိုးရရဲ့လုပ်ရပ်တွေဟာ လူသားတွေအပေါ် ခွင့်လွှတ်လို့မရနိုင်တဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေနဲ့ ရေဆိုးများစွန့်ပစ်ခြင်းအတွက် တာဝန်ယူခြင်း တာဝန်ခံခြင်းများ ရှိရမှာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။


ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ၂ဝ၁၁ ခုနှစ်က နျူကလီးယားဘေးအန္တရာယ်တွေ့ကြုံခဲ့ရတဲ့ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံက ရေးဆိုးတန်ချိန် ၁ ဒသမ ၃ သန်း မက်ထရစ်တန်ကို ပစိဖိတ်သမုဒ္ဒရာကို စွန့်ပစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ 

ဂျပန်အစိုးရဟာ အဆိုပါရေဆိုးများ စွန့်ပစ်ခြင်းကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပေမယ့် တရုတ်နိုင်ငံကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပြင်းထန်ကန့်ကွက်ခဲ့ဖူးကြောင်း သိရပါတယ်။ ရေဒီယိုဓါတ်သတ္တကြွမှု ပါဝင်တဲ့ရေဆိုးတွေကို ပစိဖိတ်သမုဒ္ဒရာကို စွန့်ပစ်ခြင်းနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများက ဝေဖန်ပြစ်မှုများရှိနေပြီး နိုင်ငံတကာ  အဏုမြူစွမ်းအင်အေဂျင်စီနဲ့ ဂျပန်အစိုးရတို့ ပြောဆိုချက်တွေကို လက်ခံယုံကြည်ခြင်းမရှိကြောင်း သိရပါတယ်။


တရုတ်အစိုးရဟာ ပစိဖိတ်သမုဒ္ဒရာထဲကို ရေဒီယိုဓါတ်သတ္တိကြွမှုပါဝင်နေတဲ့ ရေဆိုးတွေ စွန့်ပစ်ခြင်းကို ကန့်ကွက် ဆန့်ကျင်မှုအဖြစ် ဂျပန်နိုင်ငံက တင်ပို့နေတဲ့ ပင်လယ်စာပစ္စည်းများအားလုံးကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ တရုတ်အစိုးရက ဂျပန်အစိုးရဟာ စွန့်ပစ်လိုက်တဲ့ရေဆိုးတွေကြောင့် ဘေးကင်းလုံခြုံမှုတွေ ရှိမယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်ခြင်းမရှိကြောင်း ပြောပါတယ်။


တရုတ်အစိုးရကလည်း ဂျပန်နိုင်ငံရဲ့လုပ်ရပ်က အလွန်အတ္တကြီးပြီး တာဝန်မဲ့လွန်းတဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောပါ တယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ မာကာအိုတို့ကလည်း ဂျပန်နိုင်ငံက ပင်လယ်စာတင်ပို့နေခြင်းများကို တားမြစ် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံက သမုဒ္ဒရာကို ရေးဆိုးများစွန့်ပစ်တဲ့ ဂျပန်နိုင်ငံရဲ့ အစီအစဉ်ဟာ ဘေးကင်းမယ်လို့ အာမခံချက်ကိုလက်ခံပေမယ့် တောင်ကိုရီးယားနိုင်ငံအတွင်းကို ဂျပန်နိုင်ငံက ပင်လယ်စာတင်သွင်းနေခြင်း ပိတ်ပင်မှုကိုဖြေလျော့ပေးတာမျိုး မရှိသေးကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ- အီဂျစ်နှစ်နိုင်ငံအကြား စီးပွားရေး အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးဆွေးနွေး

RELATED POSTS
RECENT POSTS
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved