Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တက္ကနဖ်နယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းများ ပျောက်ဆုံးသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် ကုန်သည်တို့ ကန့်ကွက်ဆန္ဒပြ

Htay Oung (NP News) - ဇန်နဝါရီ ၃ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တက္ကနဖ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကုန်ပစ္စည်းအိတ်များ ပျောက်ဆုံးနေတာ ရာချီကျော်လွန်လာတဲ့အတွက် လုံခြုံရေးစီစဉ်ပေးဖို့ ကုန်သည်များက တောင်းဆိုဆန္ဒပြလျက်ရှိကြောင်း Dhaka Tribune က ဇန်နဝါရီလ ၂၉ ရက်က ရေးသားပါတယ်။

တနင်္ဂနွေနေ့ နံနက်ပိုင်းကတည်းက ကုန်းတွင်းပိုင်းဂိတ်မှာ သပိတ်မှောက်မှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။ တစ်ဆက်တည်းဆိုသလို ဆိပ်ကမ်းမှာ ရပ်တန့်နေတဲ့ ကုန်တင်ဘုတ်များရှိ တာကာငွေ ကုဋေချီတန်ဖိုးရှိတဲ့ ကုန်စည်များ ဆုံးရှုံးနိုင်တာကိုလည်း ကုန်သည်များက စိုးရိမ်စရာဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ ကုန်တင်ဘုတ် (၃၅)စင်းတို့ဟာ ကုန်ချဖို့အတွက် တနင်္ဂနွေနေ့(ဇန်နဝါရီလ ၂၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး ဆိပ် ကမ်းမှာ စောင့်ဆိုင်းနေကြောင်း ဆိပ်ကမ်းအာဏာပိုင်များထံမှ သိရှိရပါတယ်။

တန်ဖိုးအားဖြင့် ကုဋေပေါင်းများစွာရှိပြီး ပုပ်သိုးပျက်စီးနိုင်တဲ့ ပစ္စည်းတွေဟာ အဲဒီ ဘုတ်များနဲ့ ကုန်သင်္ဘောတွေပေါ်မှာ တင်ဆောင်ထားကြပါတယ်။

မြန်မာနိုင်ငံမှ ကွမ်းသီးအိတ်ပေါင်း ၇ဝဝ နဲ့ အခြားကုန်ပစ္စည်းတွေဟာ ကြာသပ တေးနေ့ (ဇန်နဝါရီလ ၂၆ ရက်)နံနက်ပိုင်းမှာ တက္ကနဖ် နယ်စပ်ဂိတ်ကို ရောက်ရှိလာကြောင်း ကုန်စည်ရှင်းလင်းရေး လုပ်ငန်းရှင်များအသင်း C & F ကိုယ်စားလှယ်များ က အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ကုန်တင်ဘုတ်နဲ့ ကုန်ပစ္စည်းတွေဟာ ဆိပ် ကမ်းရဲ့ ဆိပ်ခံတံတားမှ ပျောက်ဆုံးသွားကြောင်း ညနေပိုင်းမှာ ကုန်သည်များက အခိုင်အမာ ပြောဆိုပါတယ်။

နောက်တစ်နေ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ဟာ ကွမ်းသီး ၅၇၄ အိတ်နဲ့ အခြားပစ္စည်းအိတ်ငယ် ၈ဝ ပါတဲ့ ကုန်တင်ဘုတ်တစ်စီးကို နတ်မြစ်ထဲမှာ တွေ့ရှိပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ရဲ့ တက္ကနဖ် အမှတ်-၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ တိုင်ကြားချက်ကို အမှုဖွင့်ခဲ့ပြီး ကုန်တင်ဘုတ်နဲ့ ကုန်ပစ္စည်းများကို တက္ကနဖ်အကောက်ခွန်ဌာနထံ အပ်နှံခဲ့ပါတယ်။

ယခုလိုဖြစ်ရခြင်းဟာ တရားမျှတမှု မရှိဘူးလို့ ပစ္စည်းတင်သွင်းသူများနဲ့အတူ C&F ကိုယ်စားလှယ်များအသင်းတို့က တနင်္ဂနွေနေ့မှာ သပိတ်မှောက် တောင်းဆိုခဲ့ကြပါတယ်။

သပိတ်မှောက်ခြင်း မှန်ကန်ကြောင်း တက္ကနဖ်နယ်စပ်ဂိတ် C&F ကိုယ်စားလှယ်များအသင်း အထွေထွေအတွင်းရေးမှူးက အတည်ပြုပါတယ်။ “မနက်ကတည်းက ပစ္စည်းတွေကို မချသေးပါဘူး။ ဒီအတွက် အစည်းအဝေးမှာ ဆွေးနွေးပါတယ်။ ကုန် ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ဘုတ်ကြီး တစ်စီးလုံး ဆိပ်ကမ်းရဲ့ ဆိပ်ခံတံတားမှ ပျောက်ကွယ်သွားရတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေတော့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကုန်စည်တင်ပို့မှုနဲ့ပတ် သက်ပြီး စိုးရိမ်နေကြပါတယ်"လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာ ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ ကုန်တင်ဘုတ်ပျောက်ဆုံးသွားခဲ့တာဖြစ်ပေမဲ့ ဆိပ်ကမ်းအာဏာပိုင်များအနေနဲ့ရှာဖွေဖို့ တစ်ခုမှမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

မွန်းလွဲပိုင်း ဆိပ်ကမ်းအဆောက်အအုံ အစည်းအဝေးမှာ တက္ကနဖ်မြို့နယ်အုပ်ချုပ်ရေး အရာရှိတက်ရောက်ခဲ့ကြောင်း၊ တက္ကဆိပ်ကမ်းအသုံးပြုသူများ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပါတယ်။

အူခီယာ-တက္ကနဖ် အမတ်ဟောင်းနဲ့ လက်ရှိအာဏာရ အဝါမီလိခ်ပါတီရဲ့ စည်ပင်သာယာဥက္ကဋ္ဌဖြစ်သူ အဗ္ဗဒူရာ မန်ဘာဒီကတော့ ဒီကိစ္စဟာ အတိုက်အခံ BNP ပါတီရဲ့ ဂျမတ်အုပ်စုတစ်စုက ဆိပ်ကမ်းနဲ့ပတ်သက်ပြီး တစ်ခုခု ကြံစည်ခြင်းသာဖြစ် ကြောင်း ပြောပါတယ်။ လက်ရှိအစိုးရရဲ့ဂုဏ်သိက္ခာ ထိခိုက်စေဖို့ ရည်ရွယ်ခြင်းဖြစ် ကြောင်း၊ အကျိုးဆက်အနေနဲ့ လာမယ့် ရမ်ဇာန် ဥပုသ်လကို မျှော်မှန်းပြီး ဈေးနှုန်းတွေ မြှင့်တင်ဖို့ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။

ကုန်တင်ငါးဖမ်းဘုတ်တွေနဲ့ သင်္ဘောအများအပြားကို နယ်စပ်ဂိတ် ဆိပ်ကမ်းရဲ့ ဆိပ်ခံတံတားမှာပဲ ကုန်တင်နေကြပါတယ်။ C&F ကိုယ်စားလှယ်တွေက တစ်နေ ကုန် အလုပ်ပိတ်တဲ့အတွက် အလုပ်သမားတွေမှာ အခက်အခဲ ကြုံရတယ်လို့ ဆိပ်ကမ်း ကုန်တင်ချ အလုပ်သမားတစ်ဦးဖြစ်သူ ဟက်ဖ်ဇူရာမန်က ရှင်းပြပါတယ်။

C&F ကိုယ်စားလှယ်များရဲ့ သပိတ်မှောက်မှုကို ဖြေရှင်းဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ပါတီအားလုံးနဲ့ ညီလာခံတစ်ရပ် ကျင်းပခဲ့တယ်လို့ တက္ကနဖ် ဆိပ်ကမ်းကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တက္ကနဖ် နယ်စပ်ဂိတ် လီမိတက်များ သမဂ္ဂ အထွေထွေမန်နေဂျာက ပြောပါတယ်။ ဒါပေမဲ့ C&F ကိုယ်စား လှယ်များ သပိတ်ကြောင့် ကုန်းတွင်းဆိပ်ကမ်းရဲ့ လုပ်ငန်းအားလုံး ရပ်ဆိုင်းနေတယ်လို့ ဆိပ်ကမ်းအကောက်ခွန်မှူးထံမှ သိရှိရပါတယ်။

(ကုန်အပြည့်တင်ထားသော ကုန်တင်ဘုတ်ကြီးတစ်စီးလုံး ဆိပ်ကမ်းမှ ပျောက်ဆုံးသွားသည်ဆိုခြင်းမှာ ထူးဆန်းလွန်းပါသည်။ မှုခင်းဆန်ဆန်အကြောင်းအရာဖြင့် စတင်သည်ဖြစ်၍ လျှို့ဝှက်သည်းဖို သတင်းဖြစ်လိမ့်မည် ထင်၍ ဖတ်ကြည့်မိရာ နောက်ဆုံးတော့ နိုင်ငံရေးတွေဖြစ်နေလေသည်။

ဘင်္ဂလားဒေ့ရှ်တွင် လာမည့် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ သို့သော် အာဏာရ အဝါမီလိခ်ပါတီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ၌ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသည်။ ကိုဗစ်ကပ်ရောဂါကာလ ကိုင်တွယ်စီမံပုံ ညံ့ဖျင်းသည်၎င်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့ကို ဖော်ပြ၍ ဝန်ကြီးချုပ် ရှိတ်ဟာနာ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

ရှိတ်ဟာစီနာကလည်း ရရှိဆဲ အုပ်ချုပ်ရေးအာဏာကို အသုံးပြု၍ လက်တုန့်ပြန်လျက်ရှိပါသည်။ အတိုက်အခံ BNP ပါတီသည် ဘာသာရေးအရောင်ရှိသော နိုင်ငံရေးပါတီများနှင့် မဟာမိတ်လုပ်ထားသည်ဖြစ်၍ အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖြစ် တစ်နိုင်ငံလုံး မြေလှန်လျက် ရှိသည်။ သည်လိုနည်းနှင့် လွန်ခဲ့ သည့် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲကာလ ပါကစ္စတန်စစ်သားတို့ စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ကြံရာပါဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင်အချို့ကို ကြိုးစင်တင်ခဲ့သည်။ ။သတင်းဘာသာပြန်သူ၏ အတွေးအမြင်)

(Dhaka Tribune., 29 January, “Traders hold strike demanding security as goods go missing at Teknaf” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)


zawgyi version

တကၠနဖ္နယ္စပ္ဂိတ္တြင္ ကုန္ပစၥည္းမ်ား ေပ်ာက္ဆုံးသည္ဟုဆိုကာ ဘဂၤလားေဒ့ရွ္ ကုန္သည္တို႔ ကန႔္ကြက္ဆႏၵျပ

Htay Oung (NP News) - ဇန္နဝါရီ ၃ဝ

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ တကၠနဖ္နယ္စပ္ကုန္သြယ္ေရးဂိတ္မွာ ကုန္ပစၥည္းအိတ္မ်ား ေပ်ာက္ဆုံးေနတာ ရာခ်ီေက်ာ္လြန္လာတဲ့အတြက္ လုံၿခဳံေရးစီစဥ္ေပးဖို႔ ကုန္သည္မ်ားက ေတာင္းဆိုဆႏၵျပလ်က္ရွိေၾကာင္း Dhaka Tribune က ဇန္နဝါရီလ ၂၉ ရက္က ေရးသားပါတယ္။

တနဂၤေႏြေန႔ နံနက္ပိုင္းကတည္းက ကုန္းတြင္းပိုင္းဂိတ္မွာ သပိတ္ေမွာက္မႈမ်ား ဆက္လက္ျဖစ္ပြားေနပါတယ္။ တစ္ဆက္တည္းဆိုသလို ဆိပ္ကမ္းမွာ ရပ္တန႔္ေနတဲ့ ကုန္တင္ဘုတ္မ်ားရွိ တာကာေငြ ကုေဋခ်ီတန္ဖိုးရွိတဲ့ ကုန္စည္မ်ား ဆုံးရႈံးႏိုင္တာကိုလည္း ကုန္သည္မ်ားက စိုးရိမ္စရာျဖစ္ေနၾကပါတယ္။

ျမန္မာႏိုင္ငံမွ ကုန္ပစၥည္းမ်ား တင္ေဆာင္လာတဲ့ ကုန္တင္ဘုတ္ (၃၅)စင္းတို႔ဟာ ကုန္ခ်ဖို႔အတြက္ တနဂၤေႏြေန႔(ဇန္နဝါရီလ ၂၉ ရက္) နံနက္ပိုင္းမွ စတင္ၿပီး ဆိပ္ ကမ္းမွာ ေစာင့္ဆိုင္းေနေၾကာင္း ဆိပ္ကမ္းအာဏာပိုင္မ်ားထံမွ သိရွိရပါတယ္။

တန္ဖိုးအားျဖင့္ ကုေဋေပါင္းမ်ားစြာရွိၿပီး ပုပ္သိုးပ်က္စီးႏိုင္တဲ့ ပစၥည္းေတြဟာ အဲဒီ ဘုတ္မ်ားနဲ႔ ကုန္သေဘၤာေတြေပၚမွာ တင္ေဆာင္ထားၾကပါတယ္။

ျမန္မာႏိုင္ငံမွ ကြမ္းသီးအိတ္ေပါင္း ၇ဝဝ နဲ႔ အျခားကုန္ပစၥည္းေတြဟာ ၾကာသပ ေတးေန႔ (ဇန္နဝါရီလ ၂၆ ရက္)နံနက္ပိုင္းမွာ တကၠနဖ္ နယ္စပ္ဂိတ္ကို ေရာက္ရွိလာေၾကာင္း ကုန္စည္ရွင္းလင္းေရး လုပ္ငန္းရွင္မ်ားအသင္း C & F ကိုယ္စားလွယ္မ်ား က အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေပမဲ့ ကုန္တင္ဘုတ္နဲ႔ ကုန္ပစၥည္းေတြဟာ ဆိပ္ ကမ္းရဲ႕ ဆိပ္ခံတံတားမွ ေပ်ာက္ဆုံးသြားေၾကာင္း ညေနပိုင္းမွာ ကုန္သည္မ်ားက အခိုင္အမာ ေျပာဆိုပါတယ္။

ေနာက္တစ္ေန႔ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ BGB ဟာ ကြမ္းသီး ၅၇၄ အိတ္နဲ႔ အျခားပစၥည္းအိတ္ငယ္ ၈ဝ ပါတဲ့ ကုန္တင္ဘုတ္တစ္စီးကို နတ္ျမစ္ထဲမွာ ေတြ႕ရွိပါတယ္။ အဲဒီေနာက္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) ရဲ႕ တကၠနဖ္ အမွတ္-၂ တပ္ရင္းမွ တပ္ဖြဲ႕ဝင္ေတြဟာ တိုင္ၾကားခ်က္ကို အမႈဖြင့္ခဲ့ၿပီး ကုန္တင္ဘုတ္နဲ႔ ကုန္ပစၥည္းမ်ားကို တကၠနဖ္အေကာက္ခြန္ဌာနထံ အပ္ႏွံခဲ့ပါတယ္။

ယခုလိုျဖစ္ရျခင္းဟာ တရားမွ်တမႈ မရွိဘူးလို႔ ပစၥည္းတင္သြင္းသူမ်ားနဲ႔အတူ C&F ကိုယ္စားလွယ္မ်ားအသင္းတို႔က တနဂၤေႏြေန႔မွာ သပိတ္ေမွာက္ ေတာင္းဆိုခဲ့ၾကပါတယ္။

သပိတ္ေမွာက္ျခင္း မွန္ကန္ေၾကာင္း တကၠနဖ္နယ္စပ္ဂိတ္ C&F ကိုယ္စားလွယ္မ်ားအသင္း အေထြေထြအတြင္းေရးမႉးက အတည္ျပဳပါတယ္။ “မနက္ကတည္းက ပစၥည္းေတြကို မခ်ေသးပါဘူး။ ဒီအတြက္ အစည္းအေဝးမွာ ေဆြးေႏြးပါတယ္။ ကုန္ ပစၥည္းေတြ တင္ေဆာင္ထားတဲ့ ကုန္တင္ဘုတ္ႀကီး တစ္စီးလုံး ဆိပ္ကမ္းရဲ႕ ဆိပ္ခံတံတားမွ ေပ်ာက္ကြယ္သြားရတဲ့ ကိစၥျဖစ္ေနပါတယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္ေနေတာ့ ျမန္မာႏိုင္ငံက စီးပြားေရး လုပ္ငန္းရွင္ေတြကလည္း ကုန္စည္တင္ပို႔မႈနဲ႔ပတ္ သက္ၿပီး စိုးရိမ္ေနၾကပါတယ္"လို႔ ေျပာပါတယ္။

ၾကာသပေတးေန႔မွာ ကုန္ပစၥည္းမ်ား တင္ေဆာင္လာတဲ့ ကုန္တင္ဘုတ္ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ေပမဲ့ ဆိပ္ကမ္းအာဏာပိုင္မ်ားအေနနဲ႔ရွာေဖြဖို႔ တစ္ခုမွမလုပ္ခဲ့ဘူးလို႔ ဆိုပါတယ္။

မြန္းလြဲပိုင္း ဆိပ္ကမ္းအေဆာက္အအုံ အစည္းအေဝးမွာ တကၠနဖ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး အရာရွိတက္ေရာက္ခဲ့ေၾကာင္း၊ တကၠဆိပ္ကမ္းအသုံးျပဳသူမ်ား အပါအဝင္ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အဲဒီကိစၥကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးရဲ႕ ၫႊန္ၾကားခ်က္ျဖင့္ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိတယ္လို႔ အသိေပးပါတယ္။

အူခီယာ-တကၠနဖ္ အမတ္ေဟာင္းနဲ႔ လက္ရွိအာဏာရ အဝါမီလိခ္ပါတီရဲ႕ စည္ပင္သာယာဥကၠ႒ျဖစ္သူ အဗၺဒူရာ မန္ဘာဒီကေတာ့ ဒီကိစၥဟာ အတိုက္အခံ BNP ပါတီရဲ႕ ဂ်မတ္အုပ္စုတစ္စုက ဆိပ္ကမ္းနဲ႔ပတ္သက္ၿပီး တစ္ခုခု ႀကံစည္ျခင္းသာျဖစ္ ေၾကာင္း ေျပာပါတယ္။ လက္ရွိအစိုးရရဲ႕ဂုဏ္သိကၡာ ထိခိုက္ေစဖို႔ ရည္႐ြယ္ျခင္းျဖစ္ ေၾကာင္း၊ အက်ိဳးဆက္အေနနဲ႔ လာမယ့္ ရမ္ဇာန္ ဥပုသ္လကို ေမွ်ာ္မွန္းၿပီး ေဈးႏႈန္းေတြ ျမႇင့္တင္ဖို႔ျဖစ္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။

ကုန္တင္ငါးဖမ္းဘုတ္ေတြနဲ႔ သေဘၤာအမ်ားအျပားကို နယ္စပ္ဂိတ္ ဆိပ္ကမ္းရဲ႕ ဆိပ္ခံတံတားမွာပဲ ကုန္တင္ေနၾကပါတယ္။ C&F ကိုယ္စားလွယ္ေတြကတစ္ေန ကုန္ အလုပ္ပိတ္တဲ့အတြက္ အလုပ္သမားေတြမွာ အခက္အခဲ ႀကဳံရတယ္လို႔ ဆိပ္ကမ္း ကုန္တင္ခ် အလုပ္သမားတစ္ဦးျဖစ္သူ ဟက္ဖ္ဇူရာမန္က ရွင္းျပပါတယ္။

C&F ကိုယ္စားလွယ္မ်ားရဲ႕ သပိတ္ေမွာက္မႈကို ေျဖရွင္းဖို႔အတြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အပါအဝင္ ပါတီအားလုံးနဲ႔ ညီလာခံတစ္ရပ္ က်င္းပခဲ့တယ္လို႔ တကၠနဖ္ ဆိပ္ကမ္းကို စီမံခန႔္ခြဲေနတဲ့ ပုဂၢလိကအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ တကၠနဖ္ နယ္စပ္ဂိတ္ လီမိတက္မ်ား သမဂၢ အေထြေထြမန္ေနဂ်ာက ေျပာပါတယ္။ ဒါေပမဲ့ C&F ကိုယ္စား လွယ္မ်ား သပိတ္ေၾကာင့္ ကုန္းတြင္းဆိပ္ကမ္းရဲ႕ လုပ္ငန္းအားလုံး ရပ္ဆိုင္းေနတယ္လို႔ ဆိပ္ကမ္းအေကာက္ခြန္မႉးထံမွ သိရွိရပါတယ္။

(ကုန္အျပည့္တင္ထားေသာ ကုန္တင္ဘုတ္ႀကီးတစ္စီးလုံး ဆိပ္ကမ္းမွ ေပ်ာက္ဆုံးသြားသည္ဆိုျခင္းမွာ ထူးဆန္းလြန္းပါသည္။ မႈခင္းဆန္ဆန္အေၾကာင္းအရာျဖင့္ စတင္သည္ျဖစ္၍ လွ်ိဳ႕ဝွက္သည္းဖို သတင္းျဖစ္လိမ့္မည္ ထင္၍ ဖတ္ၾကည့္မိရာ ေနာက္ဆုံးေတာ့ ႏိုင္ငံေရးေတြျဖစ္ေနေလသည္။

ဘဂၤလားေဒ့ရွ္တြင္ လာမည့္ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီ၌ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမည္ျဖစ္သည္။ သို႔ေသာ္ အာဏာရ အဝါမီလိခ္ပါတီ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားမွာ ကြၽန္ေတာ္တို႔ အိမ္နီးခ်င္းႏိုင္ငံ၌ ေန႔စဥ္ ရက္ဆက္ ျဖစ္ပြားေနသည္။ ကိုဗစ္ကပ္ေရာဂါကာလ ကိုင္တြယ္စီမံပုံ ညံ့ဖ်င္းသည္၎၊ လွ်ပ္စစ္မီးျပတ္ေတာက္ျခင္း၊ စက္သုံးဆီေဈးႏႈန္းႀကီးျမင့္ျခင္း၊ ေငြေၾကးေဖာင္းပြျခင္းတို႔ကို ေဖာ္ျပ၍ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာနာ ရာထူးမွ ႏႈတ္ထြက္ေပးရန္ ေတာင္းဆိုေနၾကသည္။

ရွိတ္ဟာစီနာကလည္း ရရွိဆဲ အုပ္ခ်ဳပ္ေရးအာဏာကို အသုံးျပဳ၍ လက္တုန႔္ျပန္လ်က္ရွိပါသည္။ အတိုက္အခံ BNP ပါတီသည္ ဘာသာေရးအေရာင္ရွိေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ မဟာမိတ္လုပ္ထားသည္ျဖစ္၍ အစြန္းေရာက္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးအျဖစ္ တစ္ႏိုင္ငံလုံး ေျမလွန္လ်က္ ရွိသည္။ သည္လိုနည္းႏွင့္ လြန္ခဲ့ သည့္ ၁၉၇၁ ခုႏွစ္ ဘဂၤလားေဒ့ရွ္လြတ္လပ္ေရးစစ္ပြဲကာလ ပါကစၥတန္စစ္သားတို႔ စစ္ရာဇဝတ္မႈက်ဴးလြန္ရာတြင္ ႀကံရာပါျဖစ္သည္ဟု အတိုက္အခံ ေခါင္းေဆာင္အခ်ိဳ႕ကို ႀကိဳးစင္တင္ခဲ့သည္။ ။သတင္းဘာသာျပန္သူ၏ အေတြးအျမင္)

(Dhaka Tribune., 29 January, “Traders hold strike demanding security as goods go missing at Teknaf” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆို သည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၆ဝဝ)ဦးကို ရှေ့လမှစ၍ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved