မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းချေငွေစာရင်းဦးစီးဌာနကို အကြမ်းဖက်အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
NSS - ဩဂုတ် ၂၄
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနကို အကြမ်းဖက်အဖွဲ့မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဥ်သည် ပြီးခဲ့သည့် (ဩဂုတ်လ ၂၁ ရက်)၊ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၈လမ်း၊ ၁၀၁(A)လမ်းနှင့် ၁၀၁(B)လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အကြမ်းဖက်အမျိုးသား(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ၆၈လမ်းအတိုင်းမောင်းနှင်လာပြီး အဆိုပါရုံးရှေ့အရောက်၌ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက် ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ရုံးအတွင်းရှိ မီးစက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့နယ်၌ ဇူလိုင်လလယ်မှစ၍ အိုးအိမ်စွန့်ခွာသူဦးရေ (၁၀၀၀၀)နီးပါးရှိခဲ့ပြီး ရိက္ခာအထောက်အပံ့များ လိုအပ်နေဟုဆို
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း