ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှုရရှိမည်ဆိုမှသာ အမ်ဘာပေကို ပီအက်စ်ဂျီအသင်း လက်လွှတ်ပေးသွားနိုင်ဖွယ်ရှိနေဟု သတင်းများထွက်ပေါ်နေ
Pika (NSS) - သြဂုတ် ၂၃
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘာပေအတွက် ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှုရရှိမည်ဆိုလျှင် ပီအက်စ်ဂျီ အသင်းအနေဖြင့် အသင်းမှ ထွက်ခွာခွင့်ပေးဖွယ်ရှိနေကြောင်း သိရသည်။
အမ်ဘာပေသည် လာမည့်နှစ်တွင် ပီအက်စ်ဂျီအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမသွားစေချင်သောကြောင့် ယူရိုသန်း(၂၅ဝ)ဖြင့် ကမ်းလှမ်းမည့် အသင်းများရှိလာမည်ဆိုပါက ချက်ချင်း ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။
အမ်ဘာပေ၏ ကိုယ်စားလှယ်များနှင့် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများကြားဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်လုံးက အဆိုပါအချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ပီအက်စ်ဂျီအသင်းသည် လက်ရှိရာသီတွင် စာချုပ်ထပ်မံသက်တမ်းတိုးရန်အတွက် အမ်ဘာပေကို တွန်းအားပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ထို့အပြင် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် လက်ရှိအချိန်အထိ အမ်ဘာပေအတွက် တရားဝင် ကမ်းလှမ်းမှု မျိုးကို လက်ခံရရှိခြင်းမျိုုး မရှိသေးကြောင်းသိရသည်။ ပီအက်စ်ဂျီအသင်းသည် အမ်ဘာပေအပြောင်းအရွှေ့အတွက် ယူရိုသန်း(၂၅ဝ)လိုချင်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက သိရှိထားသော်လည်း ကမ်းလှမ်းမှု လုပ်ဆောင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အမ်ဘာပေသည် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာလိုခြင်း ရှိ/မရှိဆိုသည့်အချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆို ခြင်းမျိုးကိုရှောင်ကြဉ်ခဲ့ပြီး ၂ဝ၂၃-၂ဝ၂၄ ရာသီတွင် ပီအက်စ်ဂျီအသင်းတွင်သာရှိနေမည်ဆိုသည့်အချက်ကိုသာ ပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းမူမြို့၌ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ