Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ ထိုင်းအိမ်ခြံမြေသူဋ္ဌေးကြီး ဆာရက်သာတာဗီဆင်ကို ထိုင်းနိုင်ငံရဲ့ ၃ဝ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် မဲပေးရွေးချယ်

ဂျန်ဇက် (NSS) - ဩဂုတ် ၂၂

ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ် ပူးပေါင်းကျင်းပတဲ့အစည်းအဝေးကို သြဂုတ် ၂၂ ရက်က ကျင်းပခဲ့ရာ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ ဆာရက်သာ တာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ ၃ဝ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် မဲပေးရွေးချယ်ခံလိုက်ရကြောင်း သိရပါတယ်။

သြဂုတ် ၂၂ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ဆာရက်သာတာဗီဆင်တစ်ဦးတည်းသာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရကြောင်း ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ 


ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ဖို့ အမည်စာရင်းတင်သွင်းခံရသူဟာ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်ဦးရေ ၇၅ဝ ဦးအနက် ထောက်ခံမဲ ၃၇၅ မဲ အနည်းဆုံးရရှိဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာ ထိုင်းလွှတ်တော်နှစ်ရပ်မှာ ကိုယ်စားလှယ်ဦးရေ ၇၄၇ ဦးသာရှိနေရာ ဝန်ကြီးချုပ်ဖြစ်ဖို့ ထောက်ခံမဲအရေ အတွက် ၃၇၄ မဲ ရရှိဖို့လိုအပ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ က ပြောပါတယ်။ 


အသက် ၆ဝ အရွယ်ရှိ ဆာရက်သာတာဗီဆင်ဟာ ထိုင်းလွှတ်တော်နှစ်ရပ်ပေါင်းရှိ ကိုယ်စားလှယ်ဦးရေ ၇၄၇ ဦးအနက် ထောက်ခံမဲ ၄၈၂ မဲရရှိခဲ့ကာ ထိုင်းနိုင်ငံရဲ့ ၃ဝ ဦးမြောက် ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဖြူထိုင်းပါတီဟာ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီ နဲ့ မဟာမိတ်အဖြစ် ယခင်က ပူးပေါင်းခဲ့ပေမယ့် အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ကန့်ကွက်မှုများတွေ့ကြုံရပြီးနောက် ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီဦးဆောင်တဲ့ ၈ ပါတီညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီး အခြားနိုင်ငံရေးပါတီတွေနဲ့ ၁၁ ပါတီတွေနဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ 


ဖြူထိုင်းပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့စည်းပြီးနောက် အထက်လွှတ်တော်ရဲ့ထောက်ခံမဲများကို ရယူနိုင်ခဲ့ကာ ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာက ယုံကြည်စိတ်ချရမှုမရှိတော့ကြောင်း IMF အမှုဆောင်ဟောင်း ပြော

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved